မြောက်ကိုရီးယားက ရုရှားကို လက်နက်များရောင်းချခဲ့ကြောင်း အမေရိကန်ပြော

Admin 23 Dec 2022

မြောက်ကိုရီးယားသည် ပြီးခဲ့သောလက ရုရှား၏သီးသန့်စစ်အုပ်စု ဝဂ္ဂနာအတွက် လက်နက်ကြီးကျည်များနှင့် ဒုံးကျည်များ ရောင်းချခဲ့ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

ယူကရိန်းအတွက် ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ် အမေရိကန် ထောက်ပံ့မည်

Admin 22 Dec 2022

ရုရှားတို့၏ အတောမသတ်သော တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် ယူကရိန်းကို အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး ပက်ထရီယော့ဒုံးကျည်စနစ် ထောက်ပံ့သွားမည်ဟု အမေရိကန်က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

အာဏာသိမ်းမှု ၂ နှစ်နီးပါးအကြာ ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ပထမဆုံးအကြိမ် သဘောတူညီမှုရ

Admin 22 Dec 2022

မြန်မာ့အရေးနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံက တင်သွင်းသည့် အဆိုပြုချက်မူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအားလုံးကို ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် မူကြမ်း၌ တောင်းဆိုထားသည်။

အာဖဂန်အမျိုးသမီးများ တက္ကသိုလ်ပညာ သင်ကြားခွင့်မပြုကြောင်း တာလီဘန်တို့ အမိန့်ထုတ်

Admin 22 Dec 2022

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများအား တက္ကသိုလ်ပညာ တက်ရောက်သင်ကြားခွင့် ပိတ်ပင်လိုက်ကြောင်း တာလီဘန်အာဏာပိုင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။

ယူကရိန်းသမ္မတ ဇီလင်စကီး အမေရိကန်သို့ အလည်အပတ် သွားရန်စီစဉ်နေ

Admin 21 Dec 2022

ယူကရိန်းစစ်ပွဲ စတင်သည့် အချိန်မှစ၍ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သမ္မတ ဇီလင်စကီးသည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။

ယူကေဘုရင်ကို ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့သူ တရားစွဲဆိုခံရ

Admin 21 Dec 2022

အင်္ဂလန်မြောက်ပိုင်း ယောက်မြို့သို့ ရောက်ရှိလာသည့် ချားလ်ဘုရင်ကို ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့သူအား တရားစွဲဆိုလိုက်ကြောင်း တော်ဝင်မှုခင်းရေးရာဌာနက ပြောကြားလိုက်သည်။

ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အဆိုပြုချက်တစ်ရပ် ဗုဒ္ဓဟူးနေ့ မဲခွဲနိုင်ခြေရှိ

Admin 20 Dec 2022

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် တိုက်တွန်းသည့် အဆိုပြုချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗုဒ္ဓဟူးနေ့၌ မဲခွဲဆုံးဖြတ်နိုင်ခြေ ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လျှပ်စစ်မီးရရှိရေး ရုန်းကန်နေရသည့် ယူကရိန်းကီယက်ဗ်ကို ရုရှားက ဒရုန်းများဖြင့် တိုက်ခိုက်

Admin 19 Dec 2022

ယူကရိန်းမြို့တော် ကီယက်ဗ်ကို ရုရှားက တနင်္လာနေ့ အာရုံတက်အချိန်၌ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကီယက်ဗ်စစ်ဘက် စီမံခန့်ခွဲရေးဌာနက ပြောကြားလိုက်သည်။

ထိုင်းစစ်သင်္ဘောနစ်မြုပ်မှု အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

Admin 19 Dec 2022

ထိုင်းပင်လယ်ကွေ့တွင် တနင်္ဂနွေနေ့ညဉ့်က ရေတပ်စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျာမနီပြတိုက်မှ ဓားပြတိုက်ခံခဲ့ရသည့် လက်ဝတ်ရတနာ အများစု ပြန်လည်ရရှိ

Admin 19 Dec 2022

ဂျာမနီအမျိုးသားပြတိုက်မှ ၂၀၁၉ ခုနှစ်တွင် ဓားပြတိုက်ခံခဲ့ရသည့် လက်ဝတ်ရတနာများအနက် ပမာဏအများအပြားကို ပြန်တွေ့ထားပြီဖြစ်ကြောင်း ဂျာမန်အာဏာပိုင်များက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်ရှန်ဟိုင်းတွင် ကိုဗစ်ကူးစက်မှု အလွန်အမင်းမြင့်တက်လာသဖြင့် စာသင်ကျောင်းများ ပိတ်မည်

Admin 18 Dec 2022

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် တနင်္လာနေ့မှစ၍ စာသင်ကျောင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ရှန်ဟိုင်းအာဏာပိုင်များက စနေနေ့တွင် ကြေညာလိုက်သည်။

ဂျပန်စစ်တပ်တွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာမှ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ၁၀၀ ကျော် ထပ်မံပေါ်ပေါက်

Admin 17 Dec 2022

အမျိုးသမီးစစ်မှုထမ်းဟောင်းတစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တာဝန်ရှိသူများကို အရေးယူခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုနှင့်အတူ နောက်ထပ် အမှုပေါင်း ၁၀၀ ကျော်လည်း ထပ်မံပေါ်ပေါက်ခဲ့သည်ဟု အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။

မလေးရှားမှာ မြေပြိုမှုကြောင့် ၁၃ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေ

Admin 16 Dec 2022

မလေးရှားနိုင်ငံတွင် သောကြာနေ့ အစောပိုင်းက အပန်းဖြေစခန်းဧရိယာတစ်ခု၌ မြေပြိုမှု ဖြစ်ပွားခဲ့သဖြင့် လူအများအပြား သေဆုံးပြီး ပျောက်ဆုံးနေသူလည်း ဒါဇင်ပေါင်းများစွာ ရှိနေကြောင်း မလေးရှားအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတကို ရာထူးမှဖြုတ်ချခဲ့သည့် ပီရူး၌ အရေးပေါ်အခြေအနေ ကြေညာ

Admin 15 Dec 2022

သမ္မတဟောင်း ပီဒရိုကာစတီလိုကို ဖြုတ်ချမှုအပေါ် မကျေနပ်ရာက အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် ပီရူးနိုင်ငံတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗြိတိန်မှာ အစိုးရဝန်ထမ်းသူနာပြုများ သပိတ်မှောက်မည်

Admin 15 Dec 2022

ဗြိတိန်တွင် အမျိုးသားကျန်းမာရေးဝန်ဆောင်မှု ဌာနမှ သူနာပြုများသည် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သပိတ်မှောက် စီစဉ်ထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဆေးရုံများတွင် လူနာများ ပိုမိုများပြားလာမှုနှင့်အတူ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိရေး အတွက် ဖိအားပေးတောင်းဆိုမှု အဖြစ် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်း ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်အရေအတွက် ယခုနှစ်တွင် စံချိန်တင်မြင့်တက်

Admin 14 Dec 2022

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရင်း ဖမ်းဆီးခံခဲ့ရသည့် သတင်းသမားအရေအတွက်သည် ၃၆၃ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

ထိုင်ဝမ်ကာကွယ်ရေးဇုန်သို့ တရုတ်ဘက်က ဗုံးကြဲလေယာဉ် ၁၈ စင်းအထိ စေလွှတ်

Admin 14 Dec 2022

တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန် အတွင်းသို့ ဗုံးကြဲလေယာဉ် ၁၈ စင်းအထိ စေလွှတ်ခဲ့ပြီး အားလုံးသည် နျူကလီးယားလက်နက် သယ်ဆောင်နိုင်သော လေယာဉ်များဖြစ်သည်ဟု တိုင်ပေက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်နှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များ နှစ်နိုင်ငံနယ်စပ်တွင် ပဋိပက္ခ ဖြစ်ပွား

Admin 13 Dec 2022

နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် ဟိမဝန္တာတောင်ကြားဒေသတွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဘက်လုံးက အများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရုရှားသည် ပြည်ပရန်ကိုကာကွယ်ရန် မျိုးဆက်သစ်လက်နက်များ တိုးမြှင့်ထုတ်လုပ်နေကြောင်း သမ္မတဟောင်းပြော

Admin 13 Dec 2022

ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျတို့မှ ရန်သူများကို ကာကွယ်ရန်အတွက် ရုရှားသည် မျိုးဆက်သစ်လက်နက်များ ထုတ်လုပ်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း ရုရှားသမ္မတဟေင်း ဒီမိထရိမက်ဗီဒက်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်ရဲ့ ပို့ကုန်တင်သွင်းမှုကန့်သတ်ချက်ကို ထိုင်ဝမ်ဝန်ကြီးချုပ်ဝေဖန်

Admin 12 Dec 2022

ထိုင်ဝမ်ကနေ အဖျော်ယမကာနဲ့ပတ်သက်တဲ့ ပို့ကုန်တင်သွင်းမှုတချို့ကို တရုတ်အကောက်ခွန် အရာရှိတွေက ရုတ်တရက်ကန့်သတ်လိုက်တယ်လို့ ထိုင်ဝမ်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

Showing 181-200 of 1,521 items.