ပြီးခဲ့သော ၂၅ နှစ်အတွင်း အန္တာတိကတိုက်၏ ရေခဲလွှာ ၄၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့
13 Oct 2023
အန္တာတိကတိုက်၏ ရေခဲလွှာများသည် ပြီးခဲ့သော ၂၅ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းကျော် အရည်ပျော်ကျခဲ့သဖြင့် ပင်လယ်ရေမျက်နှာပြင် မြင်တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိပ္ပံပညာရှင်များက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ လူသားများဖန်တီးသည့် အပူဒဏ်များကြောင့် ယခုပမာဏအထိ အရည်ပျော်ခဲ့ရခြင်း ဖြစ်နိုင်သည်ဟုလည်း ပညာရှင်များက ပြောကြားသည်။