အမှိုက်ကောက်ပြီး အသက်မွေးသူတို့ဘဝ

16 Sep 2019

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ အမှိုက်ကောက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတွေ တဖြည်းဖြည်းများပြားလာပါတယ်။ ဒီအကြောင်းကို DMG သတင်းထောက် သက်နိုင် ရိုက်ကူးတင်ဆက်ထားပါတယ်။

ရိက္ခာပြတ်လပ်တော့မယ့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း

10 Sep 2019

စင်းဘောကိုင်းစစ်ဘေးရှောင်မှာ လူဦးရေ (၃)ထောင်ကျော် ခိုလှုံနေတာဖြစ်ပြီး တစ်လမှာဆန်အိတ် (၉၀၀) ကျော် ကုန်ကျနေပါတယ်။ လက်ရှိမှာတော့ စားနပ်ရိက္ခာ တစ်ပတ်စာလောက်ပဲ ကျန်ရှိတာကြောင့် ရိက္ခာပြတ်လပ်သွားမှာကို စစ်ဘေးရှောင်တွေ စိုးရိမ်မှုရှိနေကြပါတယ်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကျင်းပရန် ငြိမ်းစုစီတင်ရ

မင်းထွန်း 07 Sep 2019

လာမယ့် စက်တင်ဘာလ (၉) ရက်နေ့မှာ ကျရောက်မယ့် နှစ်(၈၀)ပြည့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကျင်းပဖို့အတွက် ငြိမ်း၊စု၊စီလို့ခေါ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ ခွင့်ပြုချက်တင်ထားရတယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။

စစ်တွေတက္ကသိုလ် (၂၃) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပြုလုပ်

06 Sep 2019

စစ်တွေတက္ကသိုလ် (၂၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲနဲ့ ဈေးရောင်းပွဲတော်၊ တေးဂီတဖျော်ဖြေပွဲတော်တို့ကို စက်တင်ဘာလ ၄ ရက်နေ့ကနေ ၅ ရက်နေ့အထိ စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

တိုးတက်ကောင်းမွန်လာတဲ့ စစ်တွေမြို့က မွတ်ဆလင် - ရခိုင် ဆက်ဆံရေးအခြေအနေ

24 Aug 2019

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က မွတ်ဆလင်နဲ့ရခိုင်တို့အကြား လူမျိုးရေး၊ ဘာသာရေးဆန်ဆန် အရေးအခင်းတစ်ခုဖြစ်ခဲ့တာကြောင့် နှစ်ဖက်အသိုင်းအဝိုင်းကြား ဆက်ဆံရေးတွေ တင်းမာခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ မောင်တောဒေသမှာ ARSA အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့်လည်း နှစ်ဘက်အသိုင်းအဝိုင်းကြား ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ပါတယ်။ ။ အခုအချိန်မှာတော့ ဒီအသိုင်းအဝိုင်းနှစ်ခုကြား ဆက်ဆံရေးဟာ တဖြည်းဖြည်းနဲ့ ပြန်လည်တိုးတက်ကောင်းမွန်လာတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာပါတယ်။

လယ်ကွင်းထဲကနေ စာသင်ခန်းကို လွမ်းနေသူ

15 Aug 2019

ေမြောက်ဦးမြို့နယ် အုက္ကန်ကျေးရွာက မာင်ဖြိုးဟိန်းကျော်တစ်ယောက် (၈) တန်းစာမေးပွဲဖြေပြီးလို့ သူငယ်ချင်းတွေနဲ့အတူ အိမ်ကို ပျော်ပျော်ရွှင်ရွှင်ပြန်လာခဲ့ပါတယ်။ အိမ်ကိုရောက်တဲ့အခါ “သားကို ကျောင်းဆက်မထားနိုင်တော့ဘူး” လို့ သူ့အမေပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါ အရမ်းကို ထိခိုက်ခံစားခဲ့ရပါတယ်။ သားတွေကို ပညာတတ်ကြီးဖြစ်စေချင်ပေမဲ့ လင်ရဲ့စွန့်ပစ်ခြင်းကိုခံရပြီး ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်နေရတဲ့ မိခင်ဒေါ်ခိုင်ခိုင်ဦးအဖို့ သူ့သားကို လယ်ကွင်းထဲပို့ရံုံမှတပါး တခြားရွေးစရာလမ်း မရှိခဲ့ပါဘူး။

ရေလွှမ်းမိုးမှုဒဏ်ခံနေရတဲ့ စစ်ဘေးရှောင်စခန်းကို အမြန်ဆုံးပြောင်းရွှေ့ပေးရန် လိုအပ်

06 Jul 2019

မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းစပ်မှာ တည်ဆောက်ထားတဲ့ စင်းဘောကိုင်းစခန်းမှာ မိုးရေတွေနဲ့ မြစ်ရေတွေ ပြည့်လာတာကြောင့်တဲ့ အိမ် (၄၀၀)ကျော်ကို  ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ပြုလုပ်သူတွေက ပြောပါတယ်။

မယုံသင်္ကာတိုင်း လူတစ်ဦးကို ကြက်ကလေး၊ ငှက်ကလေးလို သတ်လို့မရပါ

04 Jul 2019

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှ ပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးနှိပ်စက်စစ်ဆေးမှု တွေကြောင့် အရပ်သားသေဆုံးမှုတွေမှာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်တာကြောင့် အဲဒီ လုပ်ရပ်တွေကို ရပ်တန့်ရန်နဲ့ ပြစ်မှုကျုးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ( ANP) မှ ဇူလိူင် ၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

နှစ်ဖက်တိုက်ပွဲကြားမှာ ပြည်နယ်အစိုးရကြားညှပ်နေဟု ရခိုင်အစိုးရပြော

04 Jul 2019

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုဟာ ၆ လကျော် ကြာမြင့်လာပြီဖြစ်သလို တိုက်ပွဲကာအတွင်းမှာ တပ်မတော်ကနေ အေအေနဲ့ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် အရပ်သားပြည်သူသေဆုံးမှုတွေလည်း ရှိပါတယ်။

တခြားပြည်နယ်၊ တိုင်းများနှင့် နှိုင်းယှဉ်လျှင် ရခိုင်မှာ မုဒိမ်းမှုနည်းပါး

03 Jul 2019

ရခိုင်ပြည်နယ်ဟာ အခြားပြည်နယ်၊ တိုင်းတွေနဲ့နှိုင်းယှဉ်လို့ရှိရင် မုဒိမ်းမှုဖြစ်ပွားတာ ဒုတိယအနည်းဆုံး ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အမျိုးသမီးကော်မတီက ဇူလိုင်လ ၃ ရက်နေ့မှာ ပြောပါတယ်။

တပ်မတော်က ဖမ်းဆီးစစ်ဆေးမှုကြောင့် အရပ်သားသေဆုံးမှုအပေါ် ရခိုင်လူငယ်များရှုံ့ချ

03 Jul 2019

တပ်မတော်ကဖမ်းဆီးစစ်ဆေးမှုကြောင့် အရပ်သားပြည်သူတွေသေဆုံးနေမှုကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ စစ်တွေမြို့က ဦးဥတ္တမပန်းခြံမှာ ရခိုင်လူငယ်တွေစုပေါင်းပြီး ဖမ်းဆီးအစစ်ဆေးခံရတဲ့ သရုပ်ပြတင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

တပ်မတော်က ရဟတ်ယာဉ်သုံး ပစ်ခတ်သည့်အတွက် ရွာသားများဘေးလွတ်ရာသို့ ထွက်ပြေးနေရ

22 Jun 2019

မင်းပြားမြို့နယ် ရွှေကျန်ကျေးရွာအနီးအဝိုက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်သုံးပစ်ခတ်ခဲ့တဲ့အတွက် ရွှေကျန်ကျေးရွာသား ၆၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

အောက်သကန်ကျေးရွာသား ၅ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်

21 Jun 2019

မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာက အသက် ၆၈ နှစ်အရွယ်ရှိသူတစ်ဦးအပါအဝင် ကျေးရွာသား ၅ ဦးကို မတ်လ ၂၉ ရက်နေ့က တပ်မတော်ကဖမ်းဆီးခဲ့ပြီး လက်ရှိမှာသူတို့ ၅ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

"ကျွန်တော်တို့ဟာ အေအေတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး"

21 Jun 2019

မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ အေအေနဲ့ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ထားပေမဲ့ သူတို့ဟာ အေအေတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ဖမ်းဆီးခံထားရသူတွေက ရုံးထုတ်မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ဆရာဝန်ဘဝနဲ့ ဘယ်တော့မှ ချမ်းသာအောင်မလုပ်ဘူး

25 May 2019

ဒေါက်တာကျော့သာစိန်ကတော့ ဆေးရုံတက်ပြီး ဆေးကုသမှု မခံယူနိုင်တဲ့သူတွေကို အခကြေးငွေမယူပဲ ကိုယ်တိုင်သွားရောက် ဆေးကုသပေးနေတာဖြစ်ပါတယ်။

ရခိုင်ပြည်တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း နှစ်(၂၀) ပြည့်

10 Sep 2018

ဒီနေ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ဟာ လွန်ခဲ့တဲ့နှစ်(၂၀) ၁၉၉၈ ခုနှစ်က အိန္ဒိယအပိုင် အန်ဒမန်ကျွန်းစုရှိ လန်း(ဒ်)ဖော့ကျွန်းမှာ ရခိုင်ပြည်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ရခိုင်နှင့် ကရင်တော်လှန်ရေးခေါင်းဆောင် (၆) ဦး အသတ်ခံရကာ ရဲဘော် (၃၄) ဦး ဖမ်းဆီးခံခဲ့ရတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို DMG ဝိုင်းတော်သားများက စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

မောင်တောခရိုင်မှာ ၂၀၁၈ ခုနှစ် မိုးစပါးစိုက်ပျိုးမှု လျှာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်းမရှိ

24 Aug 2018

မောင်တောခရိုင်အတွင်း ၂၀၁၈ ခုနှစ် ၊ မိုးစပါးစိုက်ပျိုးရာသီမှာ စိုက်ပျိုးဖို့ လျှာထားခဲ့တဲ့ လျှာထားချက်ပြည့် မီ အောင် စိုက်ပျိုးနိုင်မှု မရှိခဲ့ဘူးလို့သိရပါတယ်။ မောင်တောခရိုင်အတွင်းမှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း စိုက်ပျိုးနိုင်ရန်အတွက် လယ်မြေ ဧက ၁၇၀၀၀ ကျော်ကို လျှားထားခဲ့ပေမယ့် အမှန်တကယ် စိုက်ပျိုးတဲ့ အချိန် မှာတော့ လျာထားသလောက် စိုက်ပျိုးနိုင်မှုမရှိဘူးလို့ မောင်တောခရိုင် စိုက်ပျိုးရေးမှူး ဦးသာကျော်က ပြောပါတယ်။

သတင်း - ဝံသ(မောင်တော)

ကျောက်တော်မြို့ရှိ နိဒင်ဒုက္ခသည်စခန်းအား အပြီးတိုင်ပိတ်သိမ်း

23 Aug 2018

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ဒုက္ခသည်စခန်းကို အပြီးတိုင်ပိတ်သိမ်းလိုက်ပြီးစခန်းတွင်းနေထိုင်သူတွေကိုနိဒင်ကျေးရွာရဲ့အနောက်ဘက်လယ်ကွင်းမှာပြန်လည်နေရာချပေးထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ကပြောပါတယ်။

သတင်း- နေဝင်းစံ

၈ လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်ခဲ့ပေမယ့် ဒီမိုကရေစီစနစ် မပြည့်ဝသေး

23 Aug 2018

၁၉၈၈ ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှု ၈ လေးလုံးအရေးတော်ပုံဟာ အခု ၂၀၁၈ ခုနှစ်မှာ အနှစ် ၃၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ဒီမိုကရေစီစနစ်ပြည့်ဝတဲ့တိုင်းပြည်မဖြစ်သေးဘူးလို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ရုံးချိန်းတိုင်းမှာ လုံခြုံရေးအကြောင်းပြချက်တွေအရ တခြားအမှုရင်ဆိုင်နေရသူတွေ နစ်နာမှုရှိနေ

ခိုင်ရိုးလ 08 Aug 2018

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရုံးထုတ်စစ်ဆေးတဲ့ ရုံးချိန်းတိုင်းမှာ လုံခြုံရေးအကြောင်းအရ တစ်ခြားအမှုရင်ဆိုင်နေရသူတွေကို ရုံးထုတ်စစ်ဆေးခြင်းမရှိတဲ့အတွက် နစ်နာမှုတွေရှိနေပြီး ဒါတွေကို ဖြေလျော့ပေးဖို့ လိုအပ်တယ်လို့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

Showing 21-40 of 358 items.