လားရှိုးသို့ စစ်ကောင်စီတပ် ပြန်ဝင်

Admin 22 Apr 2025

ကားစီးအရေ ရာနှင့်ချီ၍ စစ်ကောင်စီ ယာဉ်တန်းများမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အလံများလွှင့်၍ ဝင် ရောက်ခြင်းဖြစ်ကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

AA နှင့် ဆက်စပ်သံသယဖြင့် အကျဉ်းကျနေသူ ၁၃ ဦး ကျောက်ဖြူထောင်မှ လွတ်မြောက်

Admin 21 Apr 2025

တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီက လွှတ်ပေးခဲ့သော အကျဉ်းသား ၄,၈၉၃ ဦး ထဲတွင် ကျောက်ဖြူ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွှတ်မြောက်လာခြင်းဖြစ်သည်။ 

လိင်လုပ်သား အမျိုးသမီးများ ပေါ်ပေါ်ထင်ထင်တွေ့လာရသည့် မြို့စစ်တွေ

Admin 21 Apr 2025

မြို့တွင်းပိတ်မိချိန် ကြာမြင့်လာသည့်အမျှ ဒေသခံများမှာ အလုပ်အကိုင်မရှိ၊ စားဝတ်နေရေး၊ ငွေကြေးကျပ်တည်းမှုနှင့် အငတ်ဘေးဆိုက်မှုတို့ကြောင်း အမျိုးသမီးများမှာ ဝင်ငွေရလိုရငြား လိင်လုပ်သားအလုပ်ကို လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

စားဝတ်နေရေးကြောင့် သံတွဲ စစ်ဘေးရှောင်များ ရခိုင်မြောက်ပိုင်းသို့ ပြောင်းရွှေ့လာကြ

Admin 21 Apr 2025

လက်ရှိ သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို မခံနိုင်သည့်အတွက် နီးစပ်ရာ ဆွေမျိုးများရှိသည့် ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်များကို ပြောင်းရွှေ့မှုများ ရှိနေခြင်းဖြစ်ပြီး လူဦးရေ ရာနှင့်ချီရှိကြောင်း သိရသည်။

ကျောက်တော်မြို့ထဲကို စစ်ကောင်စီ ဗုံးကြဲမှု သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၂၀ ကျော်ရှိ

Admin 19 Apr 2025

ဂျက်ဖိုက်တာဖြင့် ၂ စီးဖြင့် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ရှမ်းရွာရပ်ကွက်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ရခိုင်မြို့နယ်အချို့တွင် ငွေကျပ် ၅၀ တန်ကနေ ၂၀၀ တန်ထိ ငွေစက္ကူများ အသုံးမဝင်ဖြစ်နေ၍ ပြည်သူများ အခက်တွေ့

Admin 19 Apr 2025

ငွေစက္ကူသည် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးအပါဆုံးအရာဖြစ်သည့်အတွက် အများပြည်သူ လှည့်လည်သုံးစွဲသည့် ငွေစက္ကူများကို တန်ဖိုးထား၍ စနစ်တကျသုံးစွဲနိုင်ရန် လိုအပ်သည်။ 

စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ

Admin 12 Apr 2025

စစ်ကောင်စီ ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ALP ပါတီက စစ်ဘေးရှောင်များကို ငွေကြေးပေးပြီး စစ်သင်တန်းတက်ရန် စည်းရုံးနေကြောင်း သိရသည်။

ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ

Admin 12 Apr 2025

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကောင်စီက ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိတော့သည့် စစ်တွေမြို့သို့ ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဌာနဆိုင်ရာဝန်ထမ်း အိမ်ထောင်သည်များကို ULA က ငွေကြေး ထောက်ပံ့ပေးမည်

Admin 11 Apr 2025

အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်နယ်မြေများ၏ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အိမ်ထောင်သည် ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအတွက် သက်သာရှောင်ချိရေးနှင့် လူမှုဖုံလှုံရေး အဆင်ပြေစေရန် ထောက်ပံ့စရိတ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ထမ်းအသိုင်းဝိုင်းထံမှ သိရသည်။

သံတွဲ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေ

Admin 07 Apr 2025

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၂,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်အတူ ငတ်ပြတ်နေသူများလည်း ရှိလာနေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

ညောင်းကျိုးကို AA သိမ်းပြီးနောက် ဆင်လန်ရွာတွင် စစ်ကောင်စီ ခံစစ်ပြင်

Admin 07 Apr 2025

လက်ရှိ စစ်ကောင်စီ ခံစစ်ပြင်ဆင်နေသည့် ဆင်လန်ကျေးရွာသည် အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ (ကပစ- ၆) တည်ရှိသည့် ညောင်ခြေထောက်ရွာနှင့် ၇ မိုင်ခန့်သာ အကွာဝေးရှိပြီး ဥသျှစ်ပင်တပ်နယ်တွင် အလွန်အရေးပါသည့် နေရာဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှု ဆက်တိုက်ရှိနေ

Admin 05 Apr 2025

ငလျင်ဒဏ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုများကို သုံးပတ်ကြာ ယာယီ ရပ်စဲကြောင်း စစ်ကောင်စီက ဧပြီ ၂ ရက်တွင် ကြေညာခဲ့သော်လည်း ကျောက်ဖြူမြို့နယ်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု နေ့စဉ်ရှိနေကြောင်း သိရသည်။

တံတားဦးတွင် ငလျင်ဘေးသင့် ပြည်သူများကို ကိုယ်ထူကိုယ်ထ ကယ်ဆယ်နေရ

Admin 05 Apr 2025

ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်၍ ပြိုကျပျက်စီးသွားသည့် နေအိမ်အဆောက်အဦနှင့် ပိတ်မိနေသူများအား ဒေသခံများမှာ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရခြင်းဖြစ်ကြောင်း ပြောသည်။

စစ်တွေက အခြေခံလူတန်းစားများ အငတ်ဘေးဆိုက်

Admin 04 Apr 2025

" မီးလောင်ကွင်း(စက်ရုံစု)မှာ အဖိုး၊ အဖွားတွေဆိုရင် ထမင်းငတ်နေကြတာ အများကြီး တွေ့တယ်။ သူတို့မှာ လုပ်ကျွေးဖို့ သားသမီးကလည်း မရှိ၊ သူတို့ ကိုယ်တိုင်လည်း အလုပ်မလုပ်နိုင်တော့ ပိုပြီး ဒုက္ခရောက်တယ်။ ထမင်းချက်ဖို့ ဆန်မရှိတဲ့ နေ့ဆို ရေသောက်ခံနေရတယ် " ဟု စက်ရုံစု ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ စစ်ကောင်စီတွင် ကြိုတင်ပြင်ဆင်မှု မရှိ

Admin 03 Apr 2025

ယခု နိုင်ငံအတွင်း သဘာဝဘေးဒဏ်ကြုံနေရချိန်တွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်ကိရိယာ၊ ဆက်သွယ်ရေးစသည့် လိုအပ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအားနည်းမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကာ ထိခိုက်သေဆုံးမှုနှုန်း မြင့်တက်နေသည်ကို တွေ့ရသည်။

စစ်တွေဒေသခံ ၇ ဦးကို စစ်ကောင်စီနှင့် ALP တို့ ပူးပေါင်းဖမ်းဆီး

Admin 31 Mar 2025

မတ် ၃၀ ရက်၊ ည ၅ နာရီခန့်တွင် စစ်ကောင်စီနှင့် ALP ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဆင်းကူးလမ်းရပ်ကွက်မှ ဦးအောင်သောင်းရွှေ (၃၇) နှစ် အပါအဝင် ဒေသခံ ၇ ဦးကို နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။ 

ကျောက်ဖြူ မလကျွန်း ကျေးရွာသားများကို စစ်ကောင်စီ ပိတ်လှောင်ထား

Admin 31 Mar 2025

အင်အာား ၂၀၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ် ၂၅ ရက်တွင် မလကျွန်းကျေးရွာကို ရောက်ရှိလာခြင်းဖြစ်ပြီး ရွာခံများအပါအဝင်  စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် မြို့ပေါ်ရပ်ကွက်တို့မှ ဒေသခံအချို့လည်းပါ ပိတ်မိနေခြင်းဖြစ်သည်။

ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ

Admin 29 Mar 2025

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ပြည်သူ့စစ်အများဆုံးဖြင့် ရှေ့တန်းစစ်မျက်နှာတွင် တိုက်ခိုက်နေပြီး စစ်ရေးအတွေ့အကြုံနည်းပါးသည့်အတွက် ထွက်ပြေးနေကြခြင်း ဖြစ်သည်။

ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ

Admin 28 Mar 2025

ဓညဝတီရေတပ်ဌာနချုပ်နှင့် ၃ မိုင်ခန့်အကွာ စည်မော်၊ ဦးကင်း၊ ကြတ္တိန်ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တိုက်ပွဲစတင်ခဲ့ပြီး ယခုအခါ အမှတ် (၃၂) ရဲတပ်ရင်းအနီး နှမ်းဖဲတောင်၊ ကန္ဒီးအနီး၊ ကျောက်ဖြူမြို့နှင့် ၆ မိုင်အကွာ ကမ်းမွန်းတောင်အနီးအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့် လာနေသည်။

စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ

Admin 27 Mar 2025

ဆွေးနွေးပွဲတွင် MNDAA ကို လားရှိုးမြို့မှ ဆုတ်ခွာပေးရန် စစ်ကောင်စီဖက်က တောင်းဆိုခဲ့ပြီး MNDAA ဘက်ကလည်း လားရှိုးကို နယ်မြေခွဲပြီး အုပ်ချုပ်ရန် တောင်းဆိုခဲ့သဖြင့် ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေခဲ့ကြောင်း သိရသည်။

Showing 121-140 of 8,738 items.