ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
17 May 2025
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့အနီး ပိန္နဲကွင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ကပျိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက စက်တပ်လေထီးများဖြင့် လေကြောင်းပစ်ကူပေး ခုခံနေကြောင်း စစ်ရေးအခြေအနေကို သိရှိသူများက ပြောသည်။