စစ်ရှုံးနေသော စစ်ကောင်စီသည် AA ကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လုပ်ကြံတိုက်ခိုက်နေ

Admin 27 Mar 2024

ရခိုင်ဒေသတွင် စစ်ရေးအရရှုံးမဲမဲနေသော စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(ULA/AA) ကို မူးယစ်ဆေးဝါး လုပ်ငန်းများနှင့်ပတ်သက်ကြောင်း စွပ်စွဲပြောဆိုပြီး မဟုတ်မမှန်သတင်းများဖြင့် လုပ်ကြံတိုက်ခိုက်နေသည်ဟု AA က ပြောဆိုလိုက်သည်။  

ရခိုင်တွင် ယခုနှစ်သင်္ကြန်ပွဲကို အကျဉ်းချုံ့ကျင်းပရန် စီစဉ်ထားကြောင်း စစ်ကောင်စီပြော

Admin 27 Mar 2024

ရခိုင်ပြည်တွင် ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော စစ်ကောင်စီသည် ယခုနှစ်တွင် သင်္ကြန်ပွဲကို အကျဉ်းချုံ့ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

မောင်တော တမန်းသားစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့် AA ထံ လက်နက်ချ

Admin 27 Mar 2024

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် မတ်လ ၂၅ ရက်တွင် ရက္ခိုင့်တပ်တော်(AA) ထံ လက်နက်ချအညံ့ခံလာကြောင်း AA က ထုတ်ပြန်သည်။

ဘူးသီးတောင် ၅၅၂ တပ်ရင်းကို AA သိမ်းပိုက်

Admin 26 Mar 2024

ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းအား မတ်လ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်များကို သတိထားကြရန် AA တိုက်တွန်း

Admin 26 Mar 2024

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ထိလွယ်ရှလွယ်သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်နေ၍ ရခိုင်ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်ထဲ သက်ဆင်းမသွားရေး သတိထားစောင့်ကြည့်ရန် AA က တိုက်တွန်းလိုက်သည်။ 

မောင်တောခရိုင်ဆေးရုံအုပ်နှင့် သမားတော်တစ်ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ် 

Admin 26 Mar 2024

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်၊ မောင်တောခရိုင်တွင် တာဝန်ထမ်းဆောင်နေသော ခရိုင်ဆေးရုံအုပ်နှင့် သမားတော်တစ်ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်ဟု သတင်းရရှိသည်။ 

ဘူးသီးတောင် ၅၅၂ တပ်ရင်းကို သိမ်းပိုက်နိုင်ရေး AA စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေ

Admin 25 Mar 2024

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၅၅၂ တပ်ရင်းကို သိမ်းပိုက်ရယူရေး ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဟု စစ်ခေါင်းဆောင်ပြော

Admin 25 Mar 2024

တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို လုပ်နိုင်သည့်အပိုင်းလိုက်အနေဖြင့် ပြန်ကျင်းပမည်ဟု နိုင်ငံတဝန်းတွင် တပ်စခန်း၊ မြို့များ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေရသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

ရခိုင်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုသူများကို AA စတင်ဖိတ်ခေါ် 

Admin 25 Mar 2024

ရခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးရေးကိုအထောက်အကူပြုသော မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုကြိုဆိုကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)က ယနေ့ ထုတ်ပြန်သည်။ 

မောင်တောနယ်စပ်က ရန်အောင်မြင်စခန်းကို AA သိမ်းပိုက်

Admin 24 Mar 2024

ရခိုင်ပြည်၊ မောင်တောမြို့နယ်က စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော ရန်အောင်မြင်စခန်းကို မတ်လ ၂၃ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်သည်။ 

မြေပုံမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရပြန်

Admin 23 Mar 2024

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာကို ယနေ့ မတ်လ ၂၃ ရက်၊ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ကျောက်ဖြူတွင် ရဲတပ်ရင်းအနီး မိုင်းနင်းမိ၍ အရပ်သားတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

Admin 23 Mar 2024

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်မြေခံ (၃၂) ရဲတပ်ရင်းအနီး (ဒေသအခေါ် ဒိုးတန်းတောင်)တွင် အုန်းတောကျေးရွာသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

မြေပုံမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု အရပ်သားထိခိုက်သေဆုံးသူ များပြား

Admin 22 Mar 2024

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ရဟန်းသံဃာ၊ ကလေးငယ် အပါအဝင် အရပ်သားထိခိုက်သေဆုံးသူ များပြားကြောင်း ဒေသခံများထံမှ သိရသည်။ 

AA အလိုမရှိကြောင်း ဆန္ဒပြရန် မွတ်ဆလင်များကို စစ်ကောင်စီ ဆက်တိုက်စေခိုင်းနေ 

Admin 22 Mar 2024

စစ်ကောင်စီ၏ ခြိမ်းခြောက်စေခိုင်းမှုကြောင့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရာနှင့်ချီသည့် မွတ်ဆလင်များ မတ်လ ၂၁ ရက်က “ရက္ခိုင့်တပ်တော်(AA) အလိုမရှိ” ဟု ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ 

သံတွဲတွင် စစ်မှုထမ်းစာရင်း ကောက်ယူနေသော ရာအိမ်မှူးတစ်ဦး သတ်ဖြတ်ခံရ 

Admin 22 Mar 2024

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်မှုထမ်းစာရင်း ကောက်ယူနေသော ရာအိမ်မှူးတစ်ဦး မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက သတ်ဖြတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။ 

စစ်မှုမထမ်းလို၍ ထွက်ပြေးနေသော မွတ်ဆလင်များကို ပြည်နှင်ဒဏ်ပေးမည်ဟု စစ်ကောင်စီ ခြိမ်းခြောက် 

Admin 19 Mar 2024

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှ စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်နေသူများကို ပြည်နှင်ဒဏ်ပေးပြီး ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကိုလည်း ဖမ်းဆီးမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း သိရသည်။  

စစ်ကောင်စီထံ တပ်သားသစ်စုပေးသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု TNLA သတိပေး

Admin 19 Mar 2024

စစ်ကောင်စီထံတွင် စစ်မှုူထမ်းရန်အတွက် တပ်သားသစ်စုဆောင်း‌ပေးသည့် အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ယနေ့ ထုတ်ပြန်လိုက်သည်။ 

ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

Admin 19 Mar 2024

နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ - ၅၀၅(က) ဖြင့် တရားစွဲခံထားရသည့် ရခိုင်အမျိုးသမီးများကွန်ရက်(RWN) ဥက္ကဌ ဒေါ်ညိုအေးကို စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် အပြီးသတ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အပစ်ရပ်လက်နက်ကိုင်(၇)ဖွဲ့ မဟာမိတ်ဖွဲ့ပြီး ဖက်ဒရယ်အရေး ဆောင်ရွက်သွားမည်ဟု ဆို 

Admin 18 Mar 2024

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 Ethnic Armed Organizations Alliance - 7 EAO Alliance ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ 

မင်းပြားတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ၍ မွတ်ဆလင် ၂၃ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ 

Admin 18 Mar 2024

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သာဒေ(မွတ်ဆလင်)ကျေးရွာကို ယနေ့ မတ်လ ၁၈ ရက်၊ နံနက် ၁ နာရီကျော်အချိန် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၂၃ ဦးသေဆုံးပြီး၊ ၃၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

Showing 1,381-1,400 of 8,653 items.