အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နေအိမ်ရှစ်သောင်းကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့

Admin 15 Apr 2024

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းလုံးတွင် ပြည်သူနေအိမ်ပေါင်း ၈၃,၇၄၆ လုံးကို စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဧပြီ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက လေကြောင်းသုံးပြီး သံတွဲမြို့နယ်တွင် ဗုံးကြဲချ

Admin 15 Apr 2024

သံတွဲမြို့နယ်အတွင်းက ရှင်စောပြင်၊ မကျည်းချောင်း၊ ကွေ့ချောင်းနှင့် ရေစင်ရွာ စသည့်ကျေးရွာများအနီးသို့ ပေါင် ၅၀၀ ဗုံးများဖြင့် နှစ်ကြိမ်တိုင်လာရောက် ဗုံးကြဲခဲ့သည်ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးနှင့်ပစ်ခတ်၍ ဒုက္ခသည်စခန်းမှ ကလေးနှစ်ဦး ဒဏ်ရာရ

Admin 15 Apr 2024

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် (ဧပြီ ၁၃ ရက်) ည ၈ နာရီက စစ်ကောင်စီတပ်သားများက လက်ပစ်ဗုံးနှင့်ပစ်ခတ်သဖြင့် အုန်းတောကြီး(မြောက်) မွတ်ဆလင်ဒုက္ခသည်စခန်းမှ ကလေးနှစ်ဦး ဒဏ်ရာရသွားခဲ့သည်။

ရမ်းဗြဲမြို့ကို စစ်ကောင်စီရေတပ်သင်္ဘောက လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်

Admin 14 Apr 2024

အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ရမ်းဗြဲမြို့ကို စစ်ကောင်စီ ရေတပ်သင်္ဘောမှ ဧပြီလ ၁၃ ရက်နှင့် ယနေ့(ဧပြီ ၁၄ ရက်)တို့တွင် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ALD ပါတီဝင်ဟောင်းတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

Admin 14 Apr 2024

ယနေ့ ဧပြီ ၁၄ ရက်၊ နံနက် ၉ နာရီခန့်က ကျောက်ဖြူမြို့၊ စေတီတောင်ကွင်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ဘူးသီးတောင်မှာ လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးနေဟုဆို

Admin 13 Apr 2024

စစ်ကောင်စီက ရခိုင်ပြည်၊ ဘူးသီးတောင်တွင် စစ်ရေးမသမာမှုများနှင့် ဒေသအတွင်း မတည်ငြိမ်မှုများ၊ ပဋိပက္ခများကို ပုံစံအမျိုးမျိုးနှင့်ဖန်တီးနေပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု အာရက္ခတပ်တော်(AA)က ပြောသည်။

စစ်ကျန်လက်နက်ပေါက်ကွဲ၍ ၁၁ နှစ်အောက်ကလေးငယ် ၇ ဦး ဒဏ်ရာရ

Admin 13 Apr 2024

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာတွင် ယနေ့ (ဧပြီလ ၁၃ ရက်) နံနက် ၇ နာရီကျော်က စစ်ကျန်လက်နက်တစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အောက် ကလေးငယ် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

AA တပ်မှူးချုပ် ညွှန်ကြားပြီးနောက် စစ်တွေ၊ ကျောက်ဖြူဒေသခံများ မြို့မှထွက်ခွာနေကြ

Admin 13 Apr 2024

လက်ရှိတွင် ကျောက်ဖြူမြို့ကနေ မြို့ပြင်သို့ ထွက်ခွင့်အတွက် လူတစ်ဦးလျှင် ငွေကျပ် တစ်သိန်းကျော်အထိ ကုန်ကျမှုရှိနေသဖြင့် ငွေကြေးမတတ်နိုင်သူများမှာ မြို့ပေါ်တွင် ကျန်ရှိနေကြသေးကြောင်း သိရသည်။ 

သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ် 

Admin 13 Apr 2024

ရခိုင်ပြည်၊ သံတွဲမြို့နယ် ကွေ့ချောင်းရွာနှင့် ရေစင်ရွာကြားတွင် ယနေ့နံနက် ၅ နာရီခန့်က စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်မှုထမ်းဉပဒေကြောင့် ပြည်မရောက်ရခိုင်များ ပြည်ပသို့ ထွက်ခွာရန် ကြိုးစားနေ

Admin 13 Apr 2024

ပြည်မရောက်ရခိုင်များမှာ ထိုင်း၊ မလေး၊ စင်္ကာပူ၊ ကိုးရီးယား၊ ဂျပန် စသည့် နိုင်ငံများသို့ အများဆုံးထွက်ခွာနေကြပြီး တရားဝင်လမ်းကြောင်းအပြင် တရားမဝင်လမ်းကြောင်းမှလည်း သွားနေကြကြောင်း သိရသည်။

သံတွဲမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမှုများလုပ်ဆောင်နေ

Admin 13 Apr 2024

ဧပြီလ ၉ ရက်မှစ၍ မြို့မဈေးကြီးအနီးနှင့် အ.ထ.က(၁)အနီးတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက လူသွားလူလာများအား စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်။ 

ပိတ်မိနေသော စစ်တွေမြို့ခံများအား ALP လိုက်လံစည်းရုံးနေ 

Admin 13 Apr 2024

ALP သည် စက်ရုံစု၊ ဆတ်ရိုးကျ၊ နာဇီ၊ ကျေးတော၊ ရွှေပြည်သာ၊ ဓညဝတီ စသည့် ရပ်ကွက်များမှ အမျိုးသားများကို အာဏာရပိုင်ခွင့်နှင့် လစဉ်ထောက်ပံ့ကြေးများပေးမည်ဟု မက်လုံးပေးကာ စည်းရုံးနေသည်။

စစ်ကောင်စီထိန်းချုပ်ဆဲ ရခိုင်မြို့နယ်များ၌ အရပ်သားဖမ်းဆီးခံရမှု မြင့်တက်  

Admin 13 Apr 2024

“အရပ်သားတွေကိုဖမ်းဆီးတာ နေ့တိုင်းနီးပါးရှိတယ်။ ဘာအကြောင်းပြချက်နဲ့ ဖမ်းတာကိုတော့ သေချာမသိဘူး။ စစ်ကောင်စီတပ်ဖွဲ့နဲ့ မတွေ့မိအောင် သတိနဲ့သွားလာနေရတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

လက်နက်ချအညံ့မခံသေးသည့် စစ်ကောင်စီစခန်းများ အမြန်ဆုံးလက်နက်ချရန် AA ထပ်မံသတိပေး

Admin 13 Apr 2024

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ခန့်နှင့် တပ်မိသားစု ၁၅၀ ခန့်ရှိသည့် မောင်တော ကြိမ်ချောင်းဗျုဟာကုန်း နခခ(၇) ကို ဧပြီ ၁၂ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် AA က ထပ်မံသတိပေးလာခြင်းဖြစ်သည်။  

စစ်တွေက မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်သန်းပေး၊ လူ ၁,၀၀၀ ထပ်တောင်းထား 

Admin 11 Apr 2024

ဘုမေကျေးရွာ၊ ဘာဆာကျေးရွာ၊ ဘောဒူဖဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်း စသည်တို့မှ မွတ်ဆလင် ၁,၀၀၀ ကျော်ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(စစ်တွေ)တွင် ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့သည်။

အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ

Admin 11 Apr 2024

AA ပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ စစ်ဌာနချုပ်နှင့် အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုနှင့် အဆောင်ပျက်စီးမှုများရှိကြောင်း သိရသည်။

AA ၏ တော်လှန်ရေးအောင်မြင်မှုအပေါ်  အင်အားကြီးလက်နက်ကိုင်အဖွဲ့ UWSP ချီးကျူး 

Admin 11 Apr 2024

အာရက္ခတပ်တော်(AA)၏ တော်လှန်ရေးခရီး အောင်မြင်လာမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သော “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ချီးကျူးပြောကြားလိုက်သည်။ 

ရခိုင်ပြည်အလုံးစုံပျက်စီးရေး မူဝါဒဖြင့် စစ်ကောင်စီ လုပ်ဆောင်နေဟု AA ပြော 

Admin 11 Apr 2024

အဆိုပါလုပ်ရပ်များအတွက် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “စစ်ရာဇဝတ်ကောင်တွေကို ဖမ်းဆီးအရေးယူပြီးတော့ နစ်နာဆုံးရှုံးခံရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရအောင် ပြတ်ပြတ်သားသားလုပ်သွားမယ်” ဟု ပြောသည်။ 

အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ထားရန် AA တပ်မှူးချုပ်က ရခိုင်ပြည်သူများကို တိုက်တွန်း

Admin 10 Apr 2024

လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူမြို့တို့မှ ပြည်သူများအနေဖြင့်လည်း ဘေးလွတ်မည့်နေရာများတွင် လာရောက်တိမ်းရှောင်ကြရန် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောထားသည်။

AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော

Admin 10 Apr 2024

ယနေ့ ကျရောက်သည့် (၁၅) နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့သည့်သဝဏ်လွှာတွင် ပြောကြားထားခြင်း ဖြစ်သည်။  

Showing 1,321-1,340 of 8,653 items.