ဟောင်ကောင်တွင် တရုတ်၏ လုံခြုံရေးအဆိုပြုချက်ကို ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်
25 May 2020
တရုတ်အစိုးရသည် ပြီးခဲ့သည့်အပတ်က အငြင်းပွားဖွယ်ရာ လုံခြုံရေးဥပဒေတစ်ရပ်ကို အဆိုပြုတင်သွင်းခဲ့သည်။ ထိုဥပဒေအရ ဟောင်ကောင်၌ နိုင်ငံတော်သစ္စာဖောက်မှု၊ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု၊ နိုင်ငံတော်အပေါ် အကြည်အညိုပျက်စေမှု တို့ဖြင့် အရေးယူခွင့်ရှိလာမည်ဖြစ်သည်။