ဗီယက်နမ်တွင် ၈၉ ရက်အတွင်း ပထမဆုံးပြည်တွင်းကူးစက်မှု တစ်ခုတွေ့
02 Dec 2020
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
02 Dec 2020
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
01 Dec 2020
အာဖရိကတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နောက်နှစ် ဒုတိယသုံးလ ပတ်မတိုင်ခင်အထိ စတင်နိုင်လိမ့်မည်မဟုတ်ကြောင်း အာဖရိကပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြီး တန်းတာဝန်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ပိုမိုတိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံများက ယင်းနိုင်ငံသားများကို ကာကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးထားသူများကို ခရီးသွားလာမှု ကန့်သတ်လိုက်ပါက “အလွန်အမင်းအန္တရာယ်များ” သွားမည်ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။
25 Nov 2020
မြို့တော်အတွင်း ရောဂါပိုးရှိ မရှိ စစ်ဆေးခံသည့် ပြည်သူများကို အားပေးသည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ မည်သူကိုမဆို ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (မြန်မာကျပ် ၈ သိန်းခွဲနီးပါး) ထောက်ပံ့ပေးမည်ဟု ဟောင်ကောင်ကျန်းမာရေးအကြီးအကဲ ဆိုဖီယာချန်းက ပြောကြားသည်။
23 Nov 2020
အမေရိကန်နှင့်ထိုင်ဝမ်တို့သည် မကြာမီရာထူးမှ ထွက်ခွာတော့မည့် ထရမ့်အစိုးရ၏ နောက်ထပ်ကြိုးပမ်းမှုတစ်ခုအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် ထိုင်ဝမ်ကျွန်းနှင့် အရာရှိများ လဲလှယ်ခြင်းကို တိုးမြင့်ဆောင်ရွက်ရန် စီးပွားရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆွေးနွေးမှု အသစ်တစ်ရပ်ဖြင့် ခြေလှမ်းသစ် စတင်တော့မည်ဖြစ်သည်။
21 Nov 2020
တရုတ်လေကြောင်းဌာနသည် ဘိုးရင်း ၇၃၇ မက်စ် ပြဿနာဖြစ်ပြီးနောက်ပိုင်း ယင်းလေယာဉ်ကို ကုမ္ပဏီ၏အကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ လုံခြုံစိတ်ချမှုဆိုင်ရာ စိုးရိမ်ရမှုကြောင့် ပျံသန်းခွင့် ပြုဦးမည်မဟုတ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။ အမေရိကန်ကမူ ဘိုးရင်း ခရီးသည်တင် လေကြောင်းလိုင်းများ ပြေးဆွဲခွင့်တားမြစ်ထားခြင်းကို ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။
18 Nov 2020
အိမ်ပြန်တတ်အောင်လေ့ကျင့်ထားသည့် New Kim အမည်ရှိ ခိုမလေးတစ်ကောင်ကို အမည်မဖော်လိုသော တရုတ်လေလံဆွဲသူတစ်ဦးက ကမ္ဘာ့စံချိန်တင်ဈေး ယူရို ၁.၆ သန်း (ကန်ဒေါ်လာ ၁.၉ သန်းခန့်) ဖြင့် တနင်္ဂနွေနေ့က ဝယ်ယူသွားကြောင်း အွန်လိုင်းလေလံရောင်းသူများအဖွဲ့ Pigeon Paradise (PIPA) က ပြောကြားသည်။
13 Nov 2020
တရုတ်နိုင်ငံက စမ်းသပ်ထုတ်လုပ်ခဲ့သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စမ်းသပ်မှုများကို ရပ်ဆိုင်းခဲ့ ကြောင်း ဘရာဇီးကျန်းမာရေးတာဝန်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ စေတနာ့ဝန်ထမ်း စမ်းသပ်ခံတစ်ဦးတွင် “ဆိုးဝါးသည့်ဖြစ်ရပ်” ကြုံတွေ့ခဲ့ပြီး အဆိုပါကိစ္စရပ်သည် ကာကွယ်ဆေးထုတ်နိုင်ငံများတွင် ရှေ့တန်းရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။
08 Nov 2020
ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တိုးမြှင့်စစ်ဆေးရန် ကြိုးပမ်းနေကြချိန်၌ ဆလိုဗေးကီးယားနိုင်ငံသည် နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံဖြစ်သော ၃.၆ သန်းကျော်ကို နှစ်ရက်အတွင်း အပြီးစစ်ဆေးခဲ့ကြောင်း စီအန်အန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Nov 2020
ကမ္ဘာ့အကြီးဆုံး မြွေပါသားမွှေးထုတ်နိုင်ငံဖြစ်သည့် ဒိန်းမတ်သည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇအသွင်ပြောင်းမှုကို ထိန်းချုပ်ရန် နိုင်ငံတွင်းရှိမြွေပါအားလုံးကို သုတ်သင်ရန်စီစဉ်လျက်ရှိသည်။
03 Nov 2020
သြစထြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် သေဆုံးသူ အရပ်သား ၅ ဦး၊ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိကြောင်း အေပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Nov 2020
တူရကီနိုင်ငံတွင် သောကြာနေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်းသည် တနင်္ဂနွေနေ့ ညပိုင်းအထိ ၆၄ ဦးရှိသွားပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Nov 2020
အိန္ဒိယသည် ပဋိပက္ခနယ်မြေများဖြစ်သော ဂျမူး၊ ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနိုင်ငံသားများအား မြေဝယ်ခွင့်ပေးမည့် မြေယာဥပဒေကို ပြင်ဆင်လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ယခုကဲ့သို့ ပြင်ဆင်မှုသည် ကက်ရှ်မီးယားဒေသခံများ၏ အခွင့်အရေးကို တစ်ဖြည်းဖြည်း ဆုံးရှုံးစေခြင်းဖြစ်ကြောင်း ခွဲထွက်ရေးအတိုက်အခံများက ဝေဖန်ပြစ်တင်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Nov 2020
အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတစ်ဝန်း ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု ၉၁၂၉၅ ခု စစ်ဆေးတွေ့ရှိရကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြကြသည်။
01 Nov 2020
အိန္ဒိယသည် ပဋိပက္ခနယ်မြေများဖြစ်သော ဂျမူး၊ ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနိုင်ငံသားများအား မြေဝယ်ခွင့်ပေးမည့် မြေယာဥပဒေကို ပြင်ဆင်လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။
29 Oct 2020
တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းအပေါ် မကျေနပ်မှုများ တိုးပွားလာနေသဖြင့် မွတ်ဆလင်အများစုရှိရာ နိုင်ငံများတွင် ရောက်ရှိနေကြသော ပြင်သစ်နိုင်ငံသားများ အနေဖြင့် လုံခြုံရေးကို အထူးသတိထား ကြရန် ပြင်သစ်အစိုးရက အင်္ဂါနေ့တွင် သတိပေးလိုက်သည်။
28 Oct 2020
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအချို့တွေ့ရှိခဲ့ပြီးနောက် မြို့တော်တစ်ခုလုံးရှိ လူဦးရေကိုးသန်းကို ရက်အနည်းငယ်အတွင်း စစ်ဆေးနိုင်ရန် အောက်တိုဘာလ ၁၃ ရက်နေ့က အလျင်အမြန်ဆောင်ရွက် ခဲ့သည်။
28 Oct 2020
ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့စွန်ရှိ ဘာသာရေးစာသင်ကျောင်း တစ်ကျောင်းတွင် အင်အားပြင်းဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ကျောင်းသား ၈ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၃၆ ဦးအထိရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Oct 2020
ကာတာနိုင်ငံ ဒိုဟာလေဆိပ်တွင် စွန့်ပစ်ခံရသောမွေးကင်းစကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ပြီးနောက် ဆစ်ဒနီ သို့ပျံသန်းမည့် လေယာဉ်ပေါ်တွင်ရှိနေသော အမျိုးသမီးခရီးသည်များ၏ ခန္ဓာကိုယ်တွင်း ရှာဖွေစစ်ဆေးခဲ့သည့် ကာတာအာဏာပိုင်များ၏ ပြုမူပုံအား သြစတြေးလျအစိုးရက တနင်္လာနေ့တွင် ပြစ်တင်ရှုတ်ချလိုက်သည်။
26 Oct 2020
ကိုဗစ်-၁၉ ရောဂါသည် အမြစ်ပြတ်ပျောက်ကွယ်မသွားဘဲ တုပ်ကွေးရောဂါကဲ့သို့ နှစ်စဉ် ဖြစ်ပွားနေကျ အသွင် ပြောင်းသွားနိုင်ခြေ ရှိနေကြောင်း ယူကေ သိပ္ပံအကြံပေး ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။
24 Oct 2020
တစ်ကမ္ဘာလုံးကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၀ တတိယသုံးလပတ်အတွင်း တရုတ်မှဦးဆောင်ပြီး ပြန် လည်ဦးမော့လာမည့် လက္ခဏာရှိသော်လည်း ယမန်နှစ်ကထက် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်း အောက်တိုဘာလ ၂၁ ရက်က ထုတ်ပြန်သည့် ကုလသမဂ္ဂအစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။