ဒေသခံမြေပိုင်ရှင်တွေ ကျူးကျော်ဖြစ်တော့မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း
19 Oct 2021
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကို ဆောက်လုပ်ဖို့ ၂၀၁၅ က အတည်ပြုရေးဆွဲတဲ့ (EIA-Environmental Impact Assessment) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုစစ်တမ်း ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။ EIA ပြုလုပ်ဖို့ ကနေဒါနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ (HATCH)ကုမ္ပဏီကို NLD အစိုးရ လက်ထက်က အကြံပေးငှားရမ်းခဲ့ပေမယ့် ကိုဗစ်ရောဂါကာလအတွင်းဖြစ်ခဲ့တာကြောင့် စီမံကိန်းရှိရာ ကျောက်ဖြူမြို့နယ်ကို တစ်ခေါက်သာရောက်ရှိခဲ့ပါတယ်။ ဒေသတွင်းလုပ်ရမယ့် လုပ်ငန်းစဉ်တွေကိုတော့ လုပ်ဖြစ်ခဲ့တာ မတွေ့ရပါဘူး။