အာဏာရှင်တွေ ဂုတ်သွေးစုပ်နေတဲ့ သယံဇာတတွေနဲ့ မြန်မာ့နိုင်ငံရေး ပဋိပက္ခ
14 Dec 2021
မြန်မာနိုင်ငံမှာ လက်ရှိစစ်တပ်က အာဏာသိမ်းဆန့်ကျင်မှုကို ဖယ်လိုက်ရင် မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဟာ အာဏာခွဲဝေအုပ်ချုပ်မှုဖြစ်ပါတယ်။ အာဏာဟာ နိုင်ငံတစ်ခုရဲ့ အသက်သွေးကြောလည်းဖြစ်ပါတယ်။ လွတ်လပ်ရေးရယူခဲ့ပြီးတဲ့ (၁၉၄၈) မှာ မြန်မာနိုင်ငံ စတင်ပေါ်ပေါက်လာခဲ့ပြီး ဗမာမဟုတ်တဲ့ ကျန်တဲ့တိုင်းရင်းသားတွေ့ရဲ့ နိုင်ငံရေးကို အသိအမှတ် မပြုလိုတဲ့ ဗမာတိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေကြောင့် မြန်မာနိုင်ငံဟာ ဒီနေ့ထိ နှစ်ပေါင်းခုနစ်ဆယ်ကြာ နာတာရှည် ပြည်တွင်းစစ်ကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။