ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ရခိုင်ပြည်အလားအလာ
26 Aug 2021
ရက္ခိုင့်တပ်တော်ဟာ ၂၀၁၉ ကတည်းက (Confederate)ကွန်ဖယ်ဒရိတ်ကို ကြွေးကြော်လာခဲ့တာကိုတွေ့ရပြီး သြဂုတ်လ ၁၆ ရက်နေ့က တပ်မှူးချုပ်နဲ့ အာရက္ခမီဒီယာတို့ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရခိုင့်အချုပ်အခြာအာဏာကို ပြန်ယူမယ်လို့ ဖြေကြားသွားပါတယ်။ တစ်ဆက်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးဌာနကို လစာပေးဖို့ပြင်ဆင်ထားကြောင်း ဖြေကြားသွားတာကို တွေ့ရပါတယ်။ ဒါဟာ တစ်ဖက်မှာ ရက္ခိုင့်တပ်တော်ရဲ့အင်အားအပြင် ငွေကြေးပြည့်စုံဖူလုံမှုကို လူသိရှင်ကြားကြေညာတာလို့ မြင်ပါတယ်။