မြန်မာ့ပဋိပက္ခကြားက ရက္ခိုင့်တပ်တော်ဦးဆောင်မှုနှင့် ရခိုင်ပြည်အနာဂတ်
13 Aug 2021
ရခိုင်ပြည်နယ်အတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု များစွာရှိနေသလို အင်အားကြီး အိန္ဒိယ နိုင်ငံရဲ့ မြှုပ်နှံမှုတွေပါ ရှိနေပါတယ်။ ပထဝီနိုင်ငံရေးအရ ရခိုင်ပြည်နယ်ဟာ ပင်လယ်ထွက်ပေါက်နေရာဖြစ်တဲ့အတွက် စစ်အင် အား၊ စီပွားရေးအင်အား တောင့်တင်းလာတဲ့ တရုတ်အတွက် အရေးပါသလို အိန္ဒိယအတွက်လည်း နယ်နိမိတ် အားဖြင့်ရော စီပွားရေးအရပါ အလွန်အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းကို လက်ဦးမှု ရယူထားနိုင်တဲ့ တရုတ်ဟာ အခုကိုဗစ်ကာလမှာတင် ကျောက်ဖြူအတွင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို တည်ဆောက်ပြီးစီးထားတာကို တွေ့ရပါတယ်။