မိုင်းနင်းမိ၍ ခြေနှစ်ဖက်ဆုံးရှုံးလိုက်ရသည့် ပလက်ဝဒေသခံ ဆေးကုသရန် အကူညီများလိုအပ်နေ
25 Nov 2022
မိုင်းနင်းမိ၍ ခြေနှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသည့် ပလက်ဝမြို့နယ်မှ လူနာမှာ ဆက်လက် ဆေးကုသရန် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
25 Nov 2022
မိုင်းနင်းမိ၍ ခြေနှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသည့် ပလက်ဝမြို့နယ်မှ လူနာမှာ ဆက်လက် ဆေးကုသရန် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
25 Nov 2022
နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ကျောက်တော်မြို့ဒေသခံ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းအမှုတွင် တရားလိုဖက်မှ မရောက်သဖြင့် ရုံးချိန်းရွှေ့ဆိုင်းနေရသည်မှာ (၇)ကြိမ်အထိရှိလာသည်ဟု သိရသည်။
24 Nov 2022
စစ်တွေမြို့မှ ပေါက်တောမြို့သို့ လိုင်းဆွဲ သွားလာနေသည့် ခရီးသည်တင် စက်လှေများပေါ်တွင် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ သယ်ယူနေရကြောင်း လိုင်းစက်လှေသမားများနှင့် ခရီးသည်များထံက သိရသည်။
24 Nov 2022
ရခိုင်ပြည်၊သံတွဲမြို့မှ တေးရေးဆရာ ကိုစန်းကို ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် နိုဝင်ဘာလ ဒုတိပအပတ်တွင် အမှုဖွင့်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
24 Nov 2022
ရခိုင်ပြည်အတွင်းတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက လမ်းခရီးများကို ကန့်ပတ်ပိတ်ပင်မှုများကို လုပ်ဆောင်လာသည်။ ဒေသတွင်း ရေကြောင်းခရီးစဉ်များကိုပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းကိုလည်း ခရီးစဉ်အချို့ ရပ်နားထားရန် စစ်ကောင်စီက ညွှန်ကြားထားသည်။
24 Nov 2022
KNU တပ်မဟာ(၃) နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်၊ ရွှေကျင်မြို့ နယ်တို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင် ဒေသခံကလေးငယ် ၉၀၀၀ ကျော်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း သိရသည်။
24 Nov 2022
လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ၍ မောင်တောမြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည့် မောင်တောမြို့နယ်၊ ဂြိတ်ချောင်း (မြို)ကျေးရွာမှ ၆ လ အရွယ် ကလေးငယ်တစ်ဦးမှာ ပြီးခဲ့သည့် (နိုဝင်ဘာ လ ၂၂ ရက်) ညနေ ၆နာရီခန့် အချိန်တွင် သေဆုံးသွားကြောင်း သိရသည်။
23 Nov 2022
နိုဝင်ဘာလ ၁၆ ရက်နေ့ တစ်ရက်ထဲတွင် စစ်ကောင်စီ၏ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၅) ဦးအထိသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ကျော် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲဝင်များကို့ မဖြစ်မနေ လက်စားချေသွားမည်ဟု ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။
23 Nov 2022
မြန်မာစစ်တပ်က စားနပ်ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားသဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုရှိ ရွာ ပေါင်း ၄၈ ရွာမှ ဒေသခံတစ်သောင်းကျော်မှာ စားဝတ်နေရေးခက်ခဲနေသည့်အပြင် ကုန်စည်နှုန်းမြင့်တက်မှုဒဏ်ကိုလည်း အလူးအလဲခံစားနေရသည်။
23 Nov 2022
မြောက်ဦးမြို့ မြို့တော်ခန်းမတွင် ယနေ့(နိုဝင်ဘာ ၂၃)တွင် ပြုလုပ်ခဲ့သည့် (၆)ကြိမ်မြောက် ခမီတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်ကို လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ မကောင်းသည့်အတွက် တက်ရောက်သူ နည်းပါးကြောင်း သိရသည်။
23 Nov 2022
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ် တော်(AA) တို့အကြား သြဂုတ်လမှ စတင်ကာ တကျော့ ပြန်တိုက်ပွဲ ပြင်းထန်လာပြီး ယခု နိုဝင်ဘာလ (၂၃) ရက်နေ့အထိ စစ်ရေးပဋိပက္ခအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုတို့ ကြောင့် နေအိမ် ၂၃ ဆောင် ပျက်စီးဆုံးရှုံးသွားခဲ့သည်။
23 Nov 2022
မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ ၂၃ ရက်၊နံနက် ၁၀ နာရီခန့်က စာသင်နေစဥ်အတွင်း ကျောင်းသူ ၁၀ ဦးခန့် အသက်ရှူကျပ်၍ ဆေးရုံသို့ အရေးပေါ်ပို့လိုက်ရကြောင်း သိရသည်။
23 Nov 2022
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရွာ ရဲကင်းစခန်းကို နိုဝင်ဘာ ၂၁ ရက် နေ့က ကော်သူးလေတပ်မတော်(KTLA)နှင့် ကေအန်ယူ တပ်မဟာ၆ KNLA တပ်ရင်း ၁၆ အပါဝင် ပူးပေါင်းအဖွဲ့ မှ တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
23 Nov 2022
ပလက်ဝမြို့နယ် မြို့မရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးနှင့်ဆယ်အိမ်မှူးတစ်ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)အား ငွေကြေးထောက်ပံ့ကူညီသည်ဟုဆိုကာ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ -၅၀၅ (က)ဖြင့် ပလက်ဝမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း တရားရုံးအသိုင်းအဝိုင်းက သိရသည်။
23 Nov 2022
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ နှင့်တန်းခိုးကျေးရွာတို့မှ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၈ဦးမှာ တစ်ပတ်ကျော်ကြာ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။
22 Nov 2022
တကျော့ပြန်စစ်ရေး တင်းမာနေသည့် ရခိုင်တွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သား ၇၀ ဦးခန့် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်။
22 Nov 2022
စခန်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ပုဏ္ဏာကျွန်းမြို့ စက်မှုဇုန် စစ်ဘေးရှောင် စခန်းမှ ဒုက္ခသည်များမှာ စခန်းအတွင်းမနေရဲတော့ဘဲ တခြားနေရာများသို့ ထပ်မံ စစ်ဘေး ရှောင်နေ ရကြောင်း သိရသည်။
22 Nov 2022
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် တည်ဆောက်ရန် စီစဉ်နေသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် အဆင်သင့်ရှိနေပြီဖြစ်သော်လည်း ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုချက်မရရှိသေး၍ စီမံကိန်းကို အကောင်အထည်မဖော်နိုင်သေးကြောင်း ပြည်နယ် စစ်ကောင်စီမှ သိရသည်။
22 Nov 2022
လက်နက်ကြီး အန္တရယ်များကို စိုးရိမ်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်တော် စစ်ဘေးရှောင်တို့သည် မိမိကျေးရွာတွင် စိုးရိမ်စိတ်ကင်းစွာ စပါးရိတ်သိမ်းခွင့်ရရှိရေးအတွက် မြို့နယ်ထွေ/အုပ်ထံသို့ စာတင်ပြီး တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
22 Nov 2022
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားများ သေဆုံးခြင်းနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူများ တိုးလာနေသည်။