ရွှေကျင်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်နေ

Admin 15 Dec 2022

ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ် လိမ်ပင်ဝဲကျေးရွာအနီးတွင် ယနေ့ (ဒီဇင်ဘာ ၁၅) နံနက် ၅ နာရီမှ နေ့လည် ၂ နာရီခွဲအချိန်အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံထောင်ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရသည်။

စစ်ကောင်စီ ပြုလုပ်သည့် ရခိုင်ပြည်နေ့ကို ပြည်သူစိတ်ဝင်စားမှုနည်း

Admin 15 Dec 2022

စစ်ကောင်စီက ဦးဆောင်ပြုလုပ်ပေးသည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်တွေမြို့တွင် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများသာ တက်ရောက်ကြပြီး ဒေသခံပြည်သူများ လာရောက်မှု နည်းပါးသည်ကို တွေ့ရကြောင်း သွားရောက်ခဲ့သူများက ပြောဆိုကြသည်။

ရခိုင်ပြည်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၁၀ ဘီလီယံခွင့်ပြုထားကြောင်း စစ်ကောင်စီဥက္ကဌပြော

Admin 15 Dec 2022

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေ ကျပ် ၁၀ ဘီလီယံခွင့်ပြုထားကြောင်း ယနေ့ (ဒီဇင်ဘာ ၁၅ ) ကျရောက်သည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ပလက်ဝမြို့ခံ ညီအစ်ကိုနှစ်ဦး ၁၇(၁)၊ ၅၀၅(က) ပုဒ်မတို့ဖြင့် ထောင် ၃ နှစ်ချမှတ်ခံရ

Admin 15 Dec 2022

ပလက်ဝမြို့ခံ ညီအစ်ကိုနှစ်ဉီးကို စစ်တပ်က တရားလိုလုပ်ပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ၅၀၅ (က) နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) တို့ဖြင့် ထောင် ၃ နှစ်ကျစီ ချမှတ်လိုက်ကြေင်း မိသားစုဝင်များထံမှ သိရသည်။

မင်းပြားတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် အမှုဖွင့်ထား

Admin 14 Dec 2022

ရခိုင်ပြည်၊ မင်းပြားမြို့ ဥက္ကာပျံ ရပ်ကွက် အုပ်ချုပ်‌‌ရေးမှုးကို AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကုန်စည်ပြပွဲမှတစ်ဆင့် ဈေးကွက်များရရှိအောင် ကြိုးပမ်းကြရန် ရခိုင် MSME လုပ်ငန်းရှင်များကို ပြည်နယ်စစ်ကောင်စီ တိုက်တွန်း

Admin 14 Dec 2022

ရခိုင်ပြည်၊ စစ်တွေမြို့တွင် သုံးရက်တိုင်တိုင် ပြုလုပ်နေသည့် ဒေသထွက် ကုန်စည်ပြပွဲမှတစ်ဆင့် ဈေးကွက်အခွင့်အလမ်းများ ရရှိအောင် ကြိုးပမ်းကြရန် ရခိုင်ပြည်တွင်း အသေးစား၊ အလတ်စား၊ အငယ်စား (MSME) လုပ်ငန်းရှင်များအား ပြည်နယ်စစ်ကောင်စီက တိုက်တွန်းပြောဆိုလိုက်သည်။

ငါးသယံဇာတ ရှာပါးလာမှုကြောင့် ကျောက်ဖြူတွင် ရေလုပ်သားများအချင်းချင်း အငြင်းပွားနေရ

Admin 14 Dec 2022

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ငါးဖမ်းရန် မျှောပိုက်၊ ကျားပိုက် ဧရိယာများ သီးခြား သတ်မှတ်ပေးထားသော်လည်း လက်ရှိတွင် ငါးဖမ်းလုပ်ကွက်ရှားပါးလာမှု၊ ငါးသယံဇာတ ရှားပါးလာမှုကြောင့် သတ်မှတ်နေရာများထက် ကျူးကျော်ဝင်ရောက်ကာ ငါးဖမ်းလာနေမှုကြောင့် ရေလုပ်သား အချင်းချင်း အငြင်းပွားနေကြသည်။

လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်တွင် ကြံ့ခိုင်ရေးပါတီက စတင်လှုပ်ရှားလာ

Admin 14 Dec 2022

စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ပါတီများ ငြိမ်သက်နေသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က မြို့နယ်အချို့တွင် ပါတီဝင်များနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်လာနေသည်ကို တွေ့ရသည်။

ပလက်ဝသို့ ဆန်၊ ဆေးဝါး သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲ

Admin 14 Dec 2022

ရခိုင်စစ်ပွဲ အပစ်ရပ်ထားသော်လည်း ကျောက်တော်မှနေ၍ ပလက်ဝဒေသသို့ ဆန်၊ ဆေးဝါးနှင့် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဒေသမတည်ငြိမ်မှုနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ရခိုင်ဒေသခံများ ပြည်ပထွက်ခွာမှု မြင့်တက်နေဆဲ

Admin 13 Dec 2022

ရခိုင်ပြည်အတွင်းတွင် အလုပ်အကိုင်ရှားပါးမှုများနှင့် ဒေသမတည်ငြိမ်မှုတို့ကြောင့် ဒေသခံများမှာ ပြည်ပထွက်ခွာပြီး အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနေကြသည်မှာ ယခုနှစ်တွင်လည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်း ရတနာပုံ ကျေးရွာသားများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Admin 13 Dec 2022

တနင်္သာရီတိုင်း ထိုင်း- မြန်မာနယ်စပ်ဒေသ ဘုတ်ပြင်းမြို့နယ်ရှိ ရတနာပုံကျေးရွာသားများကို စစ်ကောင်စီတပ်က အတင်းကြပ်ပြောင်းရွှေ့ခိုင်းနေကြောင်း သိရသည်။

ရာသီဥတု ဖောက်ပြန်မှုကြောင့် ရခိုင်သို့ ဆောင်းခိုငှက် ဝင်ရောက်မှုနည်းနေ

Admin 13 Dec 2022

ရာသီဥတုဖောက်ပြန်မှုနှင့် ငှက်မျိုးစိတ်များ ကျက်စားရာဒေသ ရှားပါးလာသည့်အတွက် ယခုနှစ် ဆောင်းဦးရာသီမှာ ရခိုင်သို့ ဆောင်းခိုငှက်မျိုးစိတ်များ ဝင်ရောက်ကျက်စားမှု နည်းပါးလာကြောင်း မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

စစ်တွေမြို့မဈေးကြီးတွင် ယာဉ်များ စည်းကမ်းမဲ့ရပ်နားနေခြင်းကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများလိုလားနေ

Admin 13 Dec 2022

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ရှိ မြို့မဈေးကြီးတွင် သုံးဘီးယာဉ်နှင့် ဘေးတွဲဆိုင်ကယ်များမှာ ဈေးလမ်းထဲတွင် စည်းကမ်းမဲ့ ရပ်နားထားမှုများရှိနေသဖြင့် သွားလာရာတွင် လမ်းပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသည့်အတွက် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

ရခိုင်တွင် စပါးအထွက်နှုန်းလျော့ကျ၍ လယ်သမားများ အရှုံးပေါ်နေရ

Admin 13 Dec 2022

ရခိုင်တွင် စပါးစိုက်ရာသီ၌ ရာသီဥတုဖောက်ပြန်ခြင်း၊ သွင်းအားစု စရိတ်စက ကြီးမြင့်မှု၊ စပါးဈေးကောင်းမရခြင်း၊ စစ်ရေးပဋိပက္ခ စသည်တို့ကြောင့် ယခုနှစ် စပါးပေါ်ရာသီ၌ စပါးအထွက်နှုန်းကျဆင်းနေပြီး လယ်သမားများ အရှုံးပေါ်နေကြောင်း လယ်သမားများထံမှ သိရသည်။

NCA - EAO ၇ ဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံမည့်ကိစ္စ အဆင်သင့်မဖြစ်သေးဟုဆို

Admin 13 Dec 2022

စစ်ကောင်စီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် (EAO) ၇ ဖွဲ့တို့ မြန်မာ့ငြိမ်းချမ်းရေး အလွတ်သဘော တွေ့ဆုံ ဆွေးမည့်ကိစ္စ စစ်ကောင်စီဘက်က အဆင်သင့်မဖြစ်သေးကြောင်း သိရသည်။

နည်းပညာအားနည်းချက်ကြောင့် ရေငံပုစွန်သားပေါက်များကို‌ ပြည်နယ်အတွင်းမွေးမြူရေးအတွက် ဖူလုံအောင် မထုတ်ပေးနိုင်သေး

Admin 12 Dec 2022

ရခိုင်ပြည်အတွင်း ရေငံပုစွန်သားဖောက်လုပ်ငန်းကို လုပ်ကိုင်နေသော်လည်း နည်းပညာအားနည်းချက်ကြောင့် ပုစွန်သားပေါက်များကို ပြည်တွင်းမွေးမြူရေးအတွက် ဖူလုံအောင်မထုတ်ပေးနိုင်သေးကြောင်း သိရသည်။

ကျောက်တော် ဒေသခံနှစ်ဦး မတရားအသင်းဆက်သွယ်မှုပုဒ်မ ဖြင့် အမှုဖွင့်ခံထားရ

Admin 12 Dec 2022

မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် ကျောက်တော်မြို့နယ်မှ ဒေသခံနှစ်ဦးကို AA နှင့် ပတ်သက် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့်အမှုဖွင့်ခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

နမ့်ဆန်တွင် TNLA ကို စစ်ကောင်စီက ဂျတ်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်

Admin 12 Dec 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျတ်တိုက်လေယာဉ် ၃ စီးဖြင့် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ရခိုင်စစ်ပွဲ အပစ်ရပ်ထားချိန် စစ်ကောင်စီက အင်အားဖြည့်တင်း

Admin 12 Dec 2022

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AA တို့ကြား နိုဝင်ဘာ ၂၆ ရက်နေ့က စပြီး အပစ်ခတ်ရပ်စဲထားသည့် ကာလတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ် ကွမ်းသီးဝယ်လိုအား ကျဆင်းနေကြောင်း ရခိုင်က ကွမ်းသီးစိုက်ပျိုးသူများပြော

Admin 12 Dec 2022

ယခုနှစ် ကွမ်းသီးပေါ်သည့်ရာသီတွင် ပြည်တွင်း၊ပြည်ပမှ ရောင်းဝယ်သူများ နည်းပါးသဖြင့် ရောင်းအားကျဆင်းကာ ရခိုင်က ကွမ်းသီးစိုက်ပျိုးသူများ အခက်အခဲတွေ့နေကြောင်း သိရသည်။

Showing 2,521-2,540 of 8,659 items.