တစ်ပတ်အတွင်း ရခိုင်သတင်းများ
11 Dec 2022
၁) ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က အသတ်ခံခဲ့ရသော ဒေသခံ ၉ ဦးအတွက် ရည်စူးကာ ကျေးရွာသားများက ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရေစက်ချအမျှဝေပြီး ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြသည်။
11 Dec 2022
၁) ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က အသတ်ခံခဲ့ရသော ဒေသခံ ၉ ဦးအတွက် ရည်စူးကာ ကျေးရွာသားများက ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရေစက်ချအမျှဝေပြီး ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြသည်။
10 Dec 2022
ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအတွက် အဓိက စားနပ်ရိက္ခာထောက်ပံ့ပေးနေကြသည့် NGO/INGO နှင့် လူမှုအဖွဲ့အစည်းများအား လွပ်လပ်စွာကူညီခွင့်ပြုရန် ယနေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
10 Dec 2022
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့ချိန်က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို ယခု အပစ်ရပ်ကာလတွင် ရုတ်သိမ်းပေးရန် ဒေသခံများက လိုလားနေကြသည်။
10 Dec 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်းသာရွားသား ၂၀၀ ကျော်မှာ ယနေ့ (ဒီဇင်ဘာ ၁၀) အထိ ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။
10 Dec 2022
ရခိုင်ပြည်အတွင်းမှ မြို့နယ်အချို့တွင် မွေးမြူရောင်းချနေကြသည့် ကမာကောင်များကို ပြည်မဘက်မှ ဝယ်ယူမူ နည်းပါးလာသဖြင့် ကမာကောင်ရောင်းအားနှင့် ဈေးနှုန်းများကျဆင်းလာနေသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။
10 Dec 2022
တောင်ကုတ်မြို့နယ် ရိုးမတောင်ပေါ်တွင်ရှိသော နေပူတောင်မှ မာဘယ် အလှဆင်ကျောက် ထုတ်လုပ်မှုစီမံကိန်းကို NLD အစိုးရလက်ထက်က ရပ်တန့်ထားခဲ့သော်လည်း လက်ရှိ စစ်ကောင်စီက ပြန်လည်စတင်ရန် သဘောတူလိုက်သည့်အပေါ် ရခိုင်ပြည်သူများက ဝေဖန်နေကြသည်။
10 Dec 2022
ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တကျော့ပြန်တိုက်ပွဲများပြင်းထန်နေချိန် စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားခဲ့သည့် မင်းပြား-မြေပုံကားလမ်းရှိ ကြပ်စင်တံတားကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းအချိန်မှစတင်ကာ သွားလာခွင့်ဖွင့်ပေးလိုက်ကြောင်း ဒေသခံများနှင့် ကားသမားများထံမှသိရသည်။
10 Dec 2022
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရရှိကာ နေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။
09 Dec 2022
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ မီးရှို့ခံရမှုတို့ကြောင့် နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးသွားသူများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတရာကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
09 Dec 2022
ရခိုင်တွင် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ခဲ့ခြင်းကြောင့် အချို့ဆေးဝါးများမှာ ပြတ်တောက်သွားခဲ့ပြီး ရရှိနိုင်သည့်ဆေးဝါးများမှာလည်း ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲခဲ့ကြရသည်။
09 Dec 2022
စစ်ကောင်စီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် EAO ၇ ဖွဲ့တို့ လာမည့်ရက်ပိုင်းတွင် ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရေး ကိစ္စ အလွတ်သဘော တွေ့ဆုံဆွေးရန်ရှိကြောင်း သိရသည်။
09 Dec 2022
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ရခိုင်ပြည်နှင့် ပလက်ဝဒေသတို့တွင် သြဂုတ်လမှ နိုဝင်ဘာလကုန်အထိ လက်နက်ကြီး၊ မြေမြုပ်မိုင်း၊ ဒရုန်း၊ သေနတ်ကျည်ဆံများကြောင့် သေဆုံးသူ ၅၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၃ ဦးအထိ ရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအချက်အလက်များအရ သိရသည်။
09 Dec 2022
ဆောက်လုပ်ရေးလုပ်ငန်းသုံး အုတ်၊ သဲနှင့် ကျောက်စရစ်များမှာ ရခိုင်ပြည်အတွင်းက ထွက်ရှိသော်လည်း စစ်ကောင်စီမှ လမ်းပိတ်ဆို့မှုများကြောင့် ဈေးမြင့်တက်နေသည့်အပြင် ပြည်မဘက်က မှာယူသုံးစွဲရသည့် ဘိလပ်မြေနှင့် သံထည်ပစ္စည်းများမှာလည်း ယခင်ထက်နှစ်ဆခန့် ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းများတစ်ဦးက ပြောသည်။
09 Dec 2022
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ဌာနချုပ်အနီးရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသော ဒေသခံနှစ်ဦးသည် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)တို့ဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။
08 Dec 2022
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီနှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
08 Dec 2022
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ယာယီအပစ်ရပ်တန့်လိုက်ပြီးနောက် ရခိုင်ပြည်ရှိ ကုန်းလမ်းရေလမ်းအချို့ကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းနှင့် မင်းပြား- မြေပုံကားလမ်းတို့ကို ပိတ်ထားဆဲ ဖြစ်သည်။
08 Dec 2022
တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ နယ်မြေ မတည်ငြိမ်မှုကြောင့် ဆီအုန်းခူးဆွတ်ရန် အလုပ် သမားများ ရှားပါးနေသည့် အတွက် ဆီအုန်းခြံများကို ပစ်ထားရကာ ဒေသစီးပွားရေး ထိခိုက်နေကြောင်း သိရသည်။
08 Dec 2022
ရခိုင်မှာ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်လက် တက်ရောက်ရန် အခက်အခဲ ရှိနေသည့် ကျောင်းသား/သူများ အတွက် ရခိုင်သဟာယအသင်း (ရန်ကုန်)က ပညာသင်ဆု ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
07 Dec 2022
ရာသီဥတုပြောင်းလဲမှုကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ စိုက်ပျိုးထားသည့်ပန်းပင်များပျက်စီးခြင်းနှင့် ပွင့်လာသည့်ပန်းပွင့်များလည်း ဈေးကောင်းမရရှိခြင်းတို့ကြောင့် ရခိုင်က ရာသီအလိုက်ပန်းစိုက်ပျိုးသူများမှာ ယခုနှစ်တွင် အရှုံးပေါ်နေရကြောင်းပြောသည်။
07 Dec 2022
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ အမှတ်(၂၄) ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဆယ်တန်းကျောင်းသူနှင့် ဒေသခံတစ်ဉီးတို့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် အမှုဖွင့်ခံရထားကြောင်း မိသားစုဝင်များထံမှ သိရသည်။