လျှပ်စစ်မီးရရှိရေး ရုန်းကန်နေရသည့် ယူကရိန်းကီယက်ဗ်ကို ရုရှားက ဒရုန်းများဖြင့် တိုက်ခိုက်

Admin 19 Dec 2022

ယူကရိန်းမြို့တော် ကီယက်ဗ်ကို ရုရှားက တနင်္လာနေ့ အာရုံတက်အချိန်၌ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကီယက်ဗ်စစ်ဘက် စီမံခန့်ခွဲရေးဌာနက ပြောကြားလိုက်သည်။

ထိုင်းစစ်သင်္ဘောနစ်မြုပ်မှု အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

Admin 19 Dec 2022

ထိုင်းပင်လယ်ကွေ့တွင် တနင်္ဂနွေနေ့ညဉ့်က ရေတပ်စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျာမနီပြတိုက်မှ ဓားပြတိုက်ခံခဲ့ရသည့် လက်ဝတ်ရတနာ အများစု ပြန်လည်ရရှိ

Admin 19 Dec 2022

ဂျာမနီအမျိုးသားပြတိုက်မှ ၂၀၁၉ ခုနှစ်တွင် ဓားပြတိုက်ခံခဲ့ရသည့် လက်ဝတ်ရတနာများအနက် ပမာဏအများအပြားကို ပြန်တွေ့ထားပြီဖြစ်ကြောင်း ဂျာမန်အာဏာပိုင်များက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်ရှန်ဟိုင်းတွင် ကိုဗစ်ကူးစက်မှု အလွန်အမင်းမြင့်တက်လာသဖြင့် စာသင်ကျောင်းများ ပိတ်မည်

Admin 18 Dec 2022

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် တနင်္လာနေ့မှစ၍ စာသင်ကျောင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ရှန်ဟိုင်းအာဏာပိုင်များက စနေနေ့တွင် ကြေညာလိုက်သည်။

ဂျပန်စစ်တပ်တွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာမှ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ၁၀၀ ကျော် ထပ်မံပေါ်ပေါက်

Admin 17 Dec 2022

အမျိုးသမီးစစ်မှုထမ်းဟောင်းတစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တာဝန်ရှိသူများကို အရေးယူခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုနှင့်အတူ နောက်ထပ် အမှုပေါင်း ၁၀၀ ကျော်လည်း ထပ်မံပေါ်ပေါက်ခဲ့သည်ဟု အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။

မလေးရှားမှာ မြေပြိုမှုကြောင့် ၁၃ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေ

Admin 16 Dec 2022

မလေးရှားနိုင်ငံတွင် သောကြာနေ့ အစောပိုင်းက အပန်းဖြေစခန်းဧရိယာတစ်ခု၌ မြေပြိုမှု ဖြစ်ပွားခဲ့သဖြင့် လူအများအပြား သေဆုံးပြီး ပျောက်ဆုံးနေသူလည်း ဒါဇင်ပေါင်းများစွာ ရှိနေကြောင်း မလေးရှားအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတကို ရာထူးမှဖြုတ်ချခဲ့သည့် ပီရူး၌ အရေးပေါ်အခြေအနေ ကြေညာ

Admin 15 Dec 2022

သမ္မတဟောင်း ပီဒရိုကာစတီလိုကို ဖြုတ်ချမှုအပေါ် မကျေနပ်ရာက အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် ပီရူးနိုင်ငံတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗြိတိန်မှာ အစိုးရဝန်ထမ်းသူနာပြုများ သပိတ်မှောက်မည်

Admin 15 Dec 2022

ဗြိတိန်တွင် အမျိုးသားကျန်းမာရေးဝန်ဆောင်မှု ဌာနမှ သူနာပြုများသည် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သပိတ်မှောက် စီစဉ်ထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဆေးရုံများတွင် လူနာများ ပိုမိုများပြားလာမှုနှင့်အတူ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိရေး အတွက် ဖိအားပေးတောင်းဆိုမှု အဖြစ် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်း ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်အရေအတွက် ယခုနှစ်တွင် စံချိန်တင်မြင့်တက်

Admin 14 Dec 2022

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရင်း ဖမ်းဆီးခံခဲ့ရသည့် သတင်းသမားအရေအတွက်သည် ၃၆၃ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

ထိုင်ဝမ်ကာကွယ်ရေးဇုန်သို့ တရုတ်ဘက်က ဗုံးကြဲလေယာဉ် ၁၈ စင်းအထိ စေလွှတ်

Admin 14 Dec 2022

တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန် အတွင်းသို့ ဗုံးကြဲလေယာဉ် ၁၈ စင်းအထိ စေလွှတ်ခဲ့ပြီး အားလုံးသည် နျူကလီးယားလက်နက် သယ်ဆောင်နိုင်သော လေယာဉ်များဖြစ်သည်ဟု တိုင်ပေက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်နှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များ နှစ်နိုင်ငံနယ်စပ်တွင် ပဋိပက္ခ ဖြစ်ပွား

Admin 13 Dec 2022

နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် ဟိမဝန္တာတောင်ကြားဒေသတွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဘက်လုံးက အများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရုရှားသည် ပြည်ပရန်ကိုကာကွယ်ရန် မျိုးဆက်သစ်လက်နက်များ တိုးမြှင့်ထုတ်လုပ်နေကြောင်း သမ္မတဟောင်းပြော

Admin 13 Dec 2022

ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျတို့မှ ရန်သူများကို ကာကွယ်ရန်အတွက် ရုရှားသည် မျိုးဆက်သစ်လက်နက်များ ထုတ်လုပ်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း ရုရှားသမ္မတဟေင်း ဒီမိထရိမက်ဗီဒက်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်ရဲ့ ပို့ကုန်တင်သွင်းမှုကန့်သတ်ချက်ကို ထိုင်ဝမ်ဝန်ကြီးချုပ်ဝေဖန်

Admin 12 Dec 2022

ထိုင်ဝမ်ကနေ အဖျော်ယမကာနဲ့ပတ်သက်တဲ့ ပို့ကုန်တင်သွင်းမှုတချို့ကို တရုတ်အကောက်ခွန် အရာရှိတွေက ရုတ်တရက်ကန့်သတ်လိုက်တယ်လို့ ထိုင်ဝမ်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျာစီကျွန်းပေါက်ကွဲမှုကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို တစ်ညလုံးရှာဖွေမှုတွေ ပြုလုပ်နေ

Admin 12 Dec 2022

ဂျာစီကျွန်းပေါက်ကွဲမှုကြောင့် လူနေထိုင်ရာတိုက်ခန်းတွဲ အဆောက်အဦတစ်ခု စနေနေ့မနက် အစောပိုင်းမှာပြိုကျခဲ့ပြီး အနည်းဆုံး လူသုံးယောက် သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကနေ အသက်ရှင်ကျန်ရစ်နေကြသူတွေကို ကယ်ဆယ်ရေးသမားတွေက တစ်ညလုံးရှာဖွေခဲ့ကြပြီး အသက်ရှင်ကျန်ရစ်ခဲ့သူတချို့ကို အပျက်အစီးတွေကြားက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အမေရိကန် ဘက်စကတ်ဘောကစားသမားနှင့် ရုရှား လက်နက်မှောင်ခိုသမားကို အကျဉ်းသားချင်းလဲလှယ်

Admin 10 Dec 2022

ရုရှားနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ အမေရိကန်ဘတ်စကက်ဘောကြယ်ပွင့် ဘရစ်တနီ ဂရီနာနဲ့ လက်နက်ရောင်းဝယ်သူ ဗစ်တာဘောက်ကို အလှဲအလှယ်ပြုလုပ်ခဲ့ပါတယ်။ ရုရှားအကျဉ်းထောင်ကနေ ကြာသပတေးနေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက်မှာတော့ သူမနေထိုင်ရာ နေအိမ်ကို ပြန်သွားခဲ့ပါတယ်။

အာဏာသိမ်းမယ့်အကြံ ပျက်ပြားသွားပြီးနောက် နောက်ထပ်ဖမ်းဆီးမှုတွေပြုလုပ်ဖို့ ဂျာမန်ရဲတပ်ဖွဲ့စီစဉ်နေ

Admin 10 Dec 2022

ဂျာမန်တော်ဝင်မိသားစုဝင်ဟောင်းထဲက တစ်ဦးကို နိုင်ငံခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ပြင်ဆင်နေတဲ့ လက်ယာစွန်းရောက်အဖွဲ့ကို စစ်ဆေးနေချိန်မှာပဲ လာမယ့်ရက်တွေမှာလည်း နောက်ထပ်ဖမ်းဆီးမှုတွေ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

ယူကေတွင်ယာဉ်တိုက်မှုဖြစ်ပြီး မိခင်နိုင်ငံသို့ ထွက်ပြေးသွားသည့် အမေရိကန်သံတမန်ဇနီး ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရ

Admin 09 Dec 2022

ယူကေတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အမေရိကန်သို့ ထွက်ပြေးသွားသော အမျိုးသမီးတစ်ဦးအား ယူကေတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၂ လ ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အွန်လိုင်းမှောင်ခိုဈေးတွင် ရောင်းချခံရသည့် ပုဂ္ဂိုလ်ရေးအချက်အလက် ငါးသန်းတွင် အိန္ဒိယမှ ၆ သိန်းအထိပါဝင်

Admin 09 Dec 2022

ဟက်ကာများအသုံးပြုသည့် အွန်လိုင်းမှောင်ခိုဈေး (Bot Market) များတွင် ပြီးခဲ့သောလေးနှစ်တာအတွင်း ကမ္ဘာတစ်ဝန်းမှ လူပုဂ္ဂိုလ် ငါးသန်းခန့်၏ အချက်အလက်များ ခိုးယူရောင်းချခံခဲ့ရကြောင်း VPN ဝန်ဆောင်မှုကုမ္ပဏီ NordVPN က ပြောကြားလိုက်သည်။ အဆိုပါ ငါးသန်းအနက် အိန္ဒိယသည် ၆ သိန်းဖြင့် ခိုးယူခံရသူအရေအတွက် အများဆုံးနိုင်ငံ ဖြစ်ကြောင်းလည်း NordVPN ၏ ပြောကြားချက်အရ သိရသည်။

လွှတ်တော်ဖျက်သိမ်းရန်ကြိုးပမ်းသည့် ပီရူးသမ္မတကို ဖြုတ်ချပြီး သမ္မတသစ် ချက်ချင်းခန့်အပ်

Admin 09 Dec 2022

ပီရူးနိုင်ငံတွင် လွှတ်တော်ကိုဖျက်သိမ်းပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ရန်ကြိုးပမ်းခဲ့သည့် သမ္မတ ပီဒရိုကာစတီလိုအား လွှတ်တော်အမတ်များက ရာထူးမှဖြုတ်ချကာ သမ္မတသစ်တစ်ဦး အစားထိုးခန့်အပ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်လေတပ်အတွက် ဖြည့်စွက်အစိတ်အပိုင်းများ ကန်ဒေါ်လာ ၄၂၈ သန်းဖိုး အမေရိကန်ရောင်းမည်

Admin 08 Dec 2022

တရုတ်ဂျက်လေယာဉ်များ မကြာခဏ ဝင်ရောက်ကျူးကျော်မှုရှိနေသည့် ထိုင်ဝမ်အတွက် လေယာဉ်အစိတ်အပိုင်းများ အမေရိကန်ဒေါ်လာ ၄၂၈ သန်းဖိုးရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Showing 321-340 of 1,654 items.