တစ်နှစ်တာ ကာကွယ်ဆေးထိုးနှံရေးပမာဏ ပြည့်မီရေးအတွက် ခိုင်မာသောအစီအစဉ်များ လုပ်ဆောင်ကြရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
19 Dec 2021
ယခုနှစ်မကုန်မီ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပြီးစီးရေး ပန်းတိုင်သို့ ရောက်ရှိရန်အတွက် ယခုရက်ပိုင်းအတွင်း ခိုင်မာသည့်တိုးတက်မှုများ လုပ်ဆောင်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရပ်စ်က တစ်ကမ္ဘာလုံးကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အလေးအနက် တိုက်တွန်းလိုက်သည်။