ဒေလီတွင် မီးခိုးမြူများ ဆိုင်းနေသဖြင့် စာသင်ကျောင်းများ အချိန်အကန့်အသတ်မရှိ ပိတ်
19 Nov 2021
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုသည် အန္တရာယ်ရှိသည်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် နောက်ထပ် အသိပေးချက်တစ်စုံတစ်ရာ မထွက်မချင်း စာသင်ကျောင်းများကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။