အမိန့်ချရန် အဆင်အသင့်မဖြစ်သေးဟုဆိုကာ မင်းပြားဒေသခံတစ်ဦးအမှုကို ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်း

Admin 29 Dec 2022

ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁) နှင့် တရားစွဲဆိုခံထားရသည့် ဒေသခံတစ်ဦး၏အမှုမှာ စစ်ဆေးမှုအားလုံး ပြီးစီးပြီဖြစ်သော်လည်း အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၁၀ ကြိမ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

နေ/စားစရိတ် ကြီးမားမှုအပြင် ကျောင်းအပ်ခပါ နှစ်ဆကျော်မြင့်တက်သွားသဖြင့် အဝေးသင် ကျောင်းသား/သူ များ ပညာဆက်သင်ရန် ခက်ခဲနေ

Admin 29 Dec 2022

၂၀၂၃ ခုနှစ် အဝေးသင်တက္ကသိုလ် ပညာသင်နှစ်အတွက် အဝေးသင်ကျောင်းအပ်ခမှာ နှစ်ဆကျော်အထိ မြင့်တက်သွားကြောင်း ရခိုင်ပြည်ရှိ စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။

သံတွဲတွင် တုတ်တုတ် (အိန္ဒိယသုံးဘီး) အသင်းဖွဲ့စည်းရန် ငွေးကြေး ကောက်ခံနေမှုအပေါ် ကာယကံရှင်များ လက်မခံ

Admin 29 Dec 2022

ရခိုင်ပြည်၊ သံတွဲမြို့တွင် မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မ.စ.က) လက်အောက်တွင် အိန္ဒိယသုံးဘီး (ဒေသအခေါ်) တုတ်တုတ် အသင်းဖွဲ့စည်းရန်ဟုဆိုကာ တုတ်တုတ်သမားများထံမှ တစ်စီးကို ငွေကျပ် ၂ သောင်းစီ ကောက်ခံမှုများရှိနေကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်က ဖြေဆိုမည့်သူနည်းသည့်အတွက် စာစစ်ဌာနများကို မြို့ပေါ်၌သာ ဦးစားပေးချပေးသွားမည်

Admin 29 Dec 2022

စနစ်‌ဟောင်းသင်ရိုးညွှန်းတမ်းဖြင့် စစ်ဆေးမည့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်က ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ/သား နည်းပါးသောကြောင့် စာစစ်ဌာနများအား မြို့ပေါ်၌သာ အဓိက ဦးစားပေးချထားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

မြောက်ပိုင်း EAO ၇ ဖွဲ့နှင့် တရုတ်ကိုယ်စားလှယ် တွေ့ဆုံမှုမှာ ရွေးကောက်ပွဲသဘောထားများကို မေးမြန်းခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်သူများ ပြော

Admin 29 Dec 2022

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun)နှင့် မြောက်ပိုင်း EAOs ၇ ဖွဲ့တို့သည် ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သံတွဲ GTI ကျောင်းသားများကဲ့သို့ အချိန်ပိုင်းအလုပ်များ လုပ်ခွင့်ရရှိရန် ရခိုင်မှတက္ကသိုလ်ကျောင်းသားများ လိုလားနေ

Admin 28 Dec 2022

ရခိုင်ပြည်၊ သံတွဲမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (သံတွဲ) GTI မှ ကျောင်းသား/သူများကို ကျောင်းပိတ်ရက်အတွင်း အပိုဝင်ငွေရရှိစေရန်နှင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် သံတွဲရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ အလုပ်အကိုင်အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ရခိုင်တွင် ယခုနှစ်အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၈၀၀ ကျော်အထိ ဖမ်းဆီးရမိ

Admin 28 Dec 2022

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ တစ်နှစ်ခန့် အချိန်ကာလအတွင်း တရားမဝင် သစ်တန်ချိန် စုစုပေါင်း ၈၄၄ ဒသမ ၅၃၉၂ တန်အထိ ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာ-အိန္ဒိယ တိုက်ရိုက်ကုန်သွယ်နိုင်မည့် ကုလားတန်စီမံကိန်းထဲမှ စစ်တွေဆိပ်ကမ်းသစ်ကို မကြာမီ ဖွင့်လှစ်မည်

Admin 28 Dec 2022

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို တိုက်ရိုက်ကုန်သွယ်နိုင်မည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို မကြာမီအချိန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

နေရပ်ပြန်နိုင်ရေးအတွက် တင်းမကျေးရွာသားများ ဆက်လက်တောင်းဆိုနေကြသော်လည်း ထူးခြားမှု ရှိမလာသေး

Admin 28 Dec 2022

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားချိန်တွင် နေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများက ဆက်လက် တောင်းဆိုနေကြသည်။

စစ်ကောင်စီက နေရပ်ပြန်ပို့သည့် အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေ

Admin 27 Dec 2022

စစ်ကောင်စီက နေရပ်ပြန်ပို့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်များသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် အခက်အခဲကိုယ်စီရှိနေကြကာ အကူအညီအထောက်အပံ့များရရှိရန် လိုအပ်နေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် နေအိမ်ဖယ်ရှားခံလိုက်ရသည့် ရခိုင် ၃၀၀၀ ကျော် နေထိုင်ရေး အခက်အခဲဖြစ်

Admin 27 Dec 2022

ရန်ကုန်မြို့ ကာကွယ်ရေးဝန်းဌာနပိုင်မြေ ပျဉ်းမပင် စက်မှုဇုန်မြေတွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည်ဟု ဆိုကာ နေအိမ်ဖယ်ရှား ခံလိုက်ရသည့် ရခိုင်တိုင်းရင်းသား လူဦးရေ ၃၀၀၀ ကျော်မှာ လက်ရှိတွင် နေထိုင်စားသောက်ရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ကာယကံရှင်များထံမှ သိရသည်။

ကော့ကရိတ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် သံဃာတစ်ပါးပျံလွန်၊ လေးဦးဒဏ်ရာရ

Admin 27 Dec 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာ ၂၆ ရက်၊ နေ့လည် ၁၁ နာရီအချိန်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ကိုရင်အပါဝင် သံဃာ ၃ ပါးနှင့် ကျောင်းသား ၁ ဦီးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသူ ကျောက်ဖြူဒေသခံနှစ်ဦးအမှု အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆို

Admin 27 Dec 2022

ရက္ခိုင့်တပ်တော် (AA) ကို ရန်ပုံငွေ ကောက်ခံပေးသည်ဟုဆိုကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ခံထားရသည့် ကျောက်ဖြူ ဒေသခံနှစ်ဦး အမှုမှာ အချိန်ကြန့်ကြာ နေပြီဖြစ်သဖြင့် အမြန်ဆုံး စစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

ကုန်စျေးနှုန်းမြင့်မားမှု၊ လှူဒါန်းမှု နည်းပါးလာခြင်းကြောင့် ရခိုင်က မိဘမဲ့ကလေးများကို ပြုစုရာတွင် ကျောင်းရံပုံငွေများကို အသုံးပြုနေရ

Admin 26 Dec 2022

ရခိုင်က မိဘမဲ့ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကျောင်း (ABC) ဖောင်ဒေးရှင်းတွင် ရှိနေသည့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရာ၌ အခက်အခဲတချို့ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

လေးမြို့မြစ်တွင် စက်လှေမှောက်၍ မိန်းကလေးတစ်ဦး ပျောက်ဆုံးနေ

Admin 26 Dec 2022

ရခိုင်ပြည်၊ လေးမြို့မြစ်တွင် ယမန့်နေ့ (ဒီဇင်ဘာ ၂၅) ရက်နေ့ နံနက် ၉ နာရီခန့်က စက်လှေနစ်မြုပ်ပြီး အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများကြောင့် မြဝတီ- ကော့ကရိတ် အာရှလမ်းမတွင် ကားထောင်ချီ ပိတ်မိနေဆဲ

Admin 26 Dec 2022

ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမတွင် ယာဥ်အသွားအလာ ရပ်တန့်ထားပြီး ကားထောင်ချီပိတ်မိနေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာ ၇ ရွာကို ဖောက်လုပ်ထားသည့် ကျောက်ချောလမ်းပျက်စီးနေမှုကြောင့် ကျေးရွာဒေသခံများ သွားလာရေးခက်ခဲနေ

Admin 26 Dec 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်း၊ ပဒေသာ၊ တန်းခိုး၊ အောင်ဒူလာ၊ ညောင်ပင်ဝိုင်း၊ အိုင်ဒင်၊ ကျွဲထိုးစတဲ့ ကျေးရွာတွေကို ဆက်သွယ်ဖောက်လုပ်ထားသော ကျောက်ချောလမ်းပျက်စီးနေမှုမှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနတွေက ပြုပြင်ပေးဖို့ ဒေသခံများက တောင်းဆိုနေကြသည်။

ဂွ-မန်ကျည်းငူတံတားမှ ကူးသန်းသွားလာခွင့်ရလျှင် ဒေသအတွက် အကျိုးဖြစ်ထွန်းလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များပြော

Admin 26 Dec 2022

ရခိုင်ပြည်၊ ဂွမြို့နှင့် ဧရာဝတီတိုင်းဒေသရှိ မန်ကျည်းငူကျေးရွာတို့ကို ဆက်သွယ်ထားသည့် ဂွချောင်းကူးတံတားမှာ ယခု ဒီဇင်ဘာလအတွင်း တံတားဖွင့်ပွဲပြုလုပ်သွားတော့မည်ဖြစ်ပြီး ယင်းတံတားမှာ ကူးသန်းသွားလာခွင့်ရလျှင် ဒေသအတွက် အများကြီးအကျိုးဖြစ်ထွန်းလာနိုင်သည်ဟု ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများ (ဒီဇင်ဘာ ၁၅ မှ ၂၃ ထိ)

Khin Tharaphy Oo 25 Dec 2022

ရသေ့တောင်မြို့နယ်(တောင်ပိုင်း) ကူတောင်နယ်မြေအတွင်းရှိသည့် ကျေးရွာ(၁၉)ရွာမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၁၉)ဦးမှာ စစ်ကောင်စီထံ ရာထူးမှ နုတ်ထွက်စာတင်လိုက်ကြသည်။ စစ်ကောင်စီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့ကြားတွင် ကျေးရွာအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ရာ၌ အကျပ်အတည်းများ ဖြစ်လာသည့်အတွက် မိမိသဘောဆန္ဒအလျောက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နုတ်ထွက်စာ တင်လိုက်ကြခြင်းဖြစ်သည်။

မင်းပြားမြို့နယ်တွင် ရွာပေါင်း ၁၅ ရွာခန့် အသုံးပြုနေသည့် ချောင်းကူးတံတားပျက်စီးနေ၍ ဒေသခံများ အခက်အခဲဖြစ်နေ

Admin 24 Dec 2022

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကူးတိုးဆိပ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာခန့် အသုံးပြုဖြတ်သန်း သွားလာနေသည့် ချောင်းကူးတံတား ယိုယွင်းပျက်စီးနေ၍ ဒေသခံများမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Showing 2,461-2,480 of 8,659 items.