ရခိုင်တွင် နှစ်လအတွင်း အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ် ၅ ခုထိရှိလာ

Admin 18 Oct 2023

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာတွင် မွေးရာပါ စိတ်ဝေဒနာခံစားနေရသည့် အသက် ၂၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံး

Admin 18 Oct 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်လင်းမှာ ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက်ပိုင်းက သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မြန်မာက ထောပတ်သီး ၉၀ ရာခိုင်နှုန်းကို ဝယ်ယူရန် ထိုင်းကမ်းလှမ်း

Admin 18 Oct 2023

ယခုနှစ် မြန်မာနိုင်ငံမှ ထွက်ရှိသော ထောပတ်သီး ၉၀ ရာခိုင်နှုန်းကို ဝယ်ယူရန် ထိုင်းနိုင်ငံဘက်မှ ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ရခိုင်အမျိုးသားပါတီကို ၆ လကျော်ကြာသော်လည်း ပါတီမှတ်ပုံတင် ချမပေးသေး

Admin 18 Oct 2023

ရခိုင်ပြည်အတွင်းက အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) က စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည်မှာ ၆ လကျော်ကြာသော်လည်း ပါတီမှတ်ပုံတင်ခွင့် ချမပေးသေးကြောင်း ပါတီတာဝန်ရှိသူထံမှ သိရသည်။

ဆန်သယ်ခွင့် ကန့်သတ်ခံရမှုကြောင့် တနင်္သာရီမြို့နယ်အတွင်း ဆန်ပြတ်လပ်လာနေ

Admin 18 Oct 2023

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၌ ဆန်သယ်ယူခွင့်ကို အောက်တိုဘာ လဆန်းမှစ၍ စစ်ကောင်စီတပ်က ကန့်သတ်ထားခြင်းကြောင့် ကျေးရွာများတွင် ဆန်စျေးမြင့်တက်ကာ ဆန်ပြတ်လပ်မှုနှင့်ကြုံနေရကြောင်‌ေ ဒေသခံများကပြောသည်။

စစ်ဘေးရှောင်ကျောင်းသားများ အားထားရာ ကျောက်တော်က ပရဟိတစာသင်ကျောင်းတွင် အကူအညီများ လိုအပ်နေ

Admin 17 Oct 2023

ရခိုင်ပြည်အတွင်းက မိသားစုဆင်းရဲနွမ်းပါးကြသည့် ကျောင်းသားများ စစ်ဘေးရှောင်စခန်းများမှ ကျောင်းသားများပါ အားထားနေရသော ကျောက်တော်မြို့ပေါ်ရှိ မေတ္တာဥယျာဉ်ပညာဒါန ပရဟိတစာသင်ကျောင်းမှာ အကူအညီများလိုအပ်နေကြောင်း ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

ရခိုင်တွင် တားမြစ်ကုန်ပစ္စည်းများရောင်းချနေခြင်း အရေးယူမှု အားနည်းနေသေး

Admin 17 Oct 2023

ရခိုင်ပြည် ဈေးကွက်အတွင်း သုံးစွဲရန်မသင့်သည့် အစားအသောက်နှင့် အလှကုန်ပစ္စည်းများ ရောင်းချနေခြင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုအပိုင်းမှာ အားနည်းနေသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ ဘဝရပ်တည်ရေး ခက်ခဲနေ

Admin 17 Oct 2023

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားခဲ့ရသူများမှာ ဘဝရပ်တည်ရေး အခက်အခဲရှိနေကြောင်း သိရသည်။

ရခိုင်က အသင်းအဖွဲ့များ မှတ်ပုံတင်လျှောက်ထားခြင်း ခွင့်ပြုချက်ရရန် ကြန့်ကြာနေ

Admin 17 Oct 2023

ရခိုင်ပြည်အတွင်းက အသင်းအဖွဲ့များမှာ စစ်ကောင်စီထံ မှတ်ပုံတင်လျှောက်ထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း ခွင့်ပြုချက်ရရှိရန် ကြန့်ကြာနေကြောင်း အသင်းအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ပေါက်တောတွင် မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

Admin 16 Oct 2023

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ငရီချိုင်ကျေးရွာတွင် လေဖြတ်နေသည့် မသန်စွမ်းအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ရေးပဋိပက္ခကြောင့် ပုလောဒေသခံ ရေလုပ်သားများ အခက်ကြုံနေရ

Admin 16 Oct 2023

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဒေသခံများကို ပင်လယ်သို့ ငါးဖမ်းမထွက်ရန် စစ်ကောင်စီရေတပ်က တားမြစ်ထားသဖြင့် တပိုင်တနိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စားဝတ်နေရေး အခက်ကြုံနေရကြောင်း သိရသည်။

နိုင်ငံရေးမှုဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံ ကလေးသူငယ်ကို ပြန်လွှတ်ပေးရန် မိသားစု တောင်းဆို

Admin 16 Oct 2023

အများပြည်သူ အထိတ်တလန့်ဖြစ်စေသည့်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မောင်ဝေယံလင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများကို ၅ လကျော်ကြာသည့်တိုင် မပြုပြင်နိုင်သေး

Admin 16 Oct 2023

ရခိုင်ပြည်အတွင်းက မုန်တိုင်းဒဏ်သင့်မြို့နယ်အချို့တွင် ပျက်စီးသွားခဲ့သည့် လမ်း၊တံတားများကို မုန်တိုင်းအလွန် ၅ လကျော်ကြာအထိ ပြန်လည်မပြုပြင်နိုင်သေးဖြင့် သွားလာရေးတွင် အခက်ကြုံနေရဆဲဖြစ်ကြောင်း‌ ဒေသခံများထံမှ သိရသည်။

တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်မနေလုပ်မည်ဟု စစ်ခေါင်းဆောင် ထပ်မံကတိပေး

Admin 16 Oct 2023

မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သော လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များကို NCA လမ်းကြောင်းသို့လာရန် စစ်ခေါင်းဆောင် ဖိတ်ခေါ်

Admin 16 Oct 2023

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား မိန့်ခွန်းတွင် စစ်ခေါင်းဆောင်က ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး NCA စာချုပ်မှာ မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုသည်။

ကျောက်တော်တွင် မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် နေအိမ်များကို စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေရ

Admin 16 Oct 2023

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ယာယီတဲအိမ်များကို ကိုယ်ထူကိုယ်ထဆောက်လုပ်နေကြရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်တွင် ကွမ်းသီးဝယ်လိုအားနှင့် ကွမ်းသီးဈေးနှုန်း ကျဆင်းနေ

Admin 16 Oct 2023

ရခိုင်ပြည်အတွင်းက ကွမ်းသီးများကို တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခွင့် ပိတ်ပင်ခံထားရသဖြင့် ဒေသထွက် ကွမ်းသီးဝယ်လိုအား ကျဆင်းနေပြီး ကွမ်းသီးစိုက်တောင်သူများမှာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မော်လမြိုင် အထည်ချုပ်လုပ်ငန်းများတွင် မော်တာစက်အစား ခြေနင်းစက်များကို အသုံးပြုနေရ

Admin 14 Oct 2023

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ တပိုင်တနိုင်လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်ငန်းများတွင် လျှပ်စစ်မော်တာ အပ်ချုပ်စက်အစား ရိုးရိုးခြေနင်းစက်များကို အသုံးပြုလာရကြောင်း သိရသည်။

အာဏာသိမ်းမှုအလွန် အစုလိုက်အပြုံလိုက် အသတ်ခံရမှုဖြစ်စဉ် ၂၀ ကျော်တွင် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ဟု ISP Myanmar ထုတ်ပြန်

Admin 14 Oct 2023

စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်အထိ ကာလအတွင်း လူပေါင်း ၅၀၀ ကျော်သေဆုံးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတဝန်းတွင် ဆယ်ဦးထက်မနည်း အစုလိုက်အပြုံလိုက် အသတ်ခံရခြင်းဖြစ်သည်ဟု ISP-Myanmar မှ အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၇ ခုကို စစ်ကောင်စီက ထပ်မံအရေးယူ

Admin 14 Oct 2023

လီမိုးနီးယား၊ Win Phyo Aung ၊ JMK Service၊ New Three Diamond ၊ Shew Lwin Lwin နှင့် Star Yandar ၊ Aung Kaung Mon အေဂျင်စီတို့မှာ အလုပ်သမားများထံမှ ကြိုတင်ငွေရယူပြီး ပြည်ပသို့ ပို့ဆောင်ခြင်းမရှိသဖြင့် အရေးယူခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Showing 1,681-1,700 of 8,657 items.