ကျောက်ဖြူဒေသခံလူငယ် သေဆုံးမှုတွင် တာဝန်ကျ ULA ရဲတပ်ဖွဲ့ဝင်များကို ထိန်းသိမ်းစစ်ဆေးနေကြောင်းပြော
13 Oct 2023
“သူက အသာတကြည် အဖမ်းမခံဘူး။ ရဲတပ်ဖွဲ့ဝင်တွေကို ခုခံတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူနဲ့ အပြန်အလှန် ထိုးကြကြိတ်ကြဖြစ်တယ်။ ပြန်ဖမ်းတဲ့အခါ ရဲတွေက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ရတယ်။ ရဲစခန်းရောက်တော့လည်း ရဲတပ်ဖွဲ့ဝင်တွေက တုတ်တွေနဲ့ ခြောက်ထောက်၊ ပေါင်တွေကို ထပ်ပြီးရိုက်ကြတယ်။ အဲဒီမှာ အောင်နိုင်က အတွင်းဒဏ်ရာရသွားတယ်” ဟု ၎င်းကပြောသည်။