မင်းဂံရပ်ကွက် အကွက်(၈) ဈေးမှ ဆိုင်ခန်း ၂၀ ကျော်ကို ဖယ်ရှားရန် အသိပေး
24 Oct 2023
ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၈) ဈေးရှိ ဈေးဆိုင်ခန်း ၂၀ ကျော်ကို မီးသတ်တပ်ဖွဲ့ပိုင်မြေဟုဆိုကာ ဖယ်ရှားပေးရန် အသိပေးလာကြောင်း ဈေးသည်များထံမှ သိရသည်။
24 Oct 2023
ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၈) ဈေးရှိ ဈေးဆိုင်ခန်း ၂၀ ကျော်ကို မီးသတ်တပ်ဖွဲ့ပိုင်မြေဟုဆိုကာ ဖယ်ရှားပေးရန် အသိပေးလာကြောင်း ဈေးသည်များထံမှ သိရသည်။
24 Oct 2023
ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြသော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်ရပ်စဲခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တစ်နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။
24 Oct 2023
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာတွင် အသက်မပြည့်သေးသည့် မွတ်ဆလင် ၄ ဦးကို အောက်တိုဘာ ၂၂ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ “ရခိုင်နေ့စဉ်” တွင် ဖော်ပြသည်။
23 Oct 2023
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာလ ၂၃ ရက်မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကျင်းပနေသည့် Miss Cosmopolitan World 2023 နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ရခိုင်က အလှမယ် မသန္တာစိုးက မြန်မာကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
23 Oct 2023
ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ စစ်တွေဟိုတယ် ကမ်းခြေအနီးမှ စားသောက်ဆိုင်ခန်းများကို မကြာသေးမီက ဖယ်ရှားခဲ့ပြီး အဆိုပါမြေနေရာတွင် အများပြည်သူအပန်းဖြေနိုင်မည့် ပန်းခြံတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
23 Oct 2023
အခြေခံပညာရေးဦးစီးဌာနမှ ပုံနှိပ်ထုတ်ဝေထားသော ဒုတိယတန်း ရခိုင်ဖတ်စာအုပ်တွင် ဖော်ပြထားသည့် ဗုဒ္ဓပူဇနိယ ယိမ်းသီချင်းကို တေးရေးဆရာအမည် ထည့်သွင်းပေးရန် ရခိုင်ဂီတအနုပညာရှင်များက တောင်းဆိုကြသည်။
23 Oct 2023
ကမ္ဘာပေါ်ရှိ မြွေစိမ်းမျိုးစိတ်များထဲတွင် မှတ်တမ်းတင်ခြင်းမရှိသေးသည့် မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို မြန်မာနိုင်ငံတွင် တွေ့ရှိမှတ်တမ်းတင်ခဲ့ကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (Native Species Conservation & Identification)မှ ထုတ်ပြန်ထားသည်။
21 Oct 2023
ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ အကူအညီထောက်ပံ့မှု နည်းပါးလာခြင်းနှင့် မိသားစုဘဝ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု များလာနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
21 Oct 2023
“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်အတွင်းက အထင်ကရ ဘုရားပုထိုး၊ စေတီများကို ပြန်လည်ပြုပြင်ရန် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။
21 Oct 2023
ရေကြီးမှုကြောင့် ရင့်မှည့်ပြီးသားစပါးခင်းများ ပျက်စီးဆုံးရှုံးသွား၍ အထွက်နှုန်းကျဆင်းကာ အရှုံးပေါ်နိုင်ခြေများသဖြင့် ယခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်နိုင်မည်မဟုတ်ကြောင်း ပဲခူးတောင်သူများက ပြောဆိုကြသည်။
21 Oct 2023
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အောင်ဘာလေသိန်းထီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရောင်းအားကျဆင်းသွားခဲ့သော်လည်း လက်ရှိရခိုင်ပြည်အတွင်း ထိုင်းနှင့် စင်္ကာပူထီလက်မှတ်များမှာ ထိုးသူများပြီး ရောင်းအားကောင်းနေသည်ဟု အရောင်းကိုယ်စားလှယ်များက ပြောသည်။
20 Oct 2023
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာအနီးရှိ စစ်ကောင်စီ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း တိုင်းဗဟို(၉)က အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများကပြောသည်။
20 Oct 2023
ရခိုင်ပြည်အတွင်းက ကျေးလက်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခရီးသွားလာခွင့်ကန့်သတ်ချက်ကြောင့် စိန်ခေါ်မှုများ ရှိနေသေးကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က ထုတ်ပြန်ထားသည်။
20 Oct 2023
တရားစွဲဆိုခံထားရသူ နှစ်ဦးမှာ ပလက်ဝမြို့နယ်ရှိ တရွန်အိုင်(ရခိုင်)ကျေးရွာမှ ဦးအောင်သိန်းမင်း (၄၂ နှစ်) နှင့် ကျောက်တန်း(ရခိုင်)ကျေးရွာမှ တိုင်းရင်းသားဘာသာသင် ဆရာမ ဒေါ်ဘုမချေ (၂၄ နှစ်) တို့ ဖြစ်သည်။
20 Oct 2023
ဈေးကွက် အာမခံချက်မရှိခြင်း၊ ဈေးကောင်း မရခြင်း၊ ဝယ်လိုအား နည်းခြင်းတို့ကြောင့် ကြံစိုက်ပျိုးသူ နည်းပါးလာကာ ကြံစိုက်ပျိုးရေးလုပ်ငန်းမှာလည်း တဖြည်းဖြည်းကျဆင်းလာနေသည်ဟု ကြံစိုက်ပျိုးသူများက ပြောသည်။
19 Oct 2023
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ မိုးသီးနတ်တောင်အုပ်စု၊ ကုန်ဘောင်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မသန်စွမ်း မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အသက် ၇၅ နှစ်အရွယ် ကိုရင်ကြီးတစ်ပါးကို လူဝတ်လဲပြီး ULA/AA ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
19 Oct 2023
စစ်ဘေးရှောင်များ လုပ်အားပေးအဖြစ်လုပ်ကိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် စခန်းတာဝန်ရှိသူများထံ အကြောင်းကြားပြီး လိုအပ်သည့်လူဦးရေအလိုက် တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ် စသဖြင့် အလှည့်ကျသွားနေရကြောင်း သိရသည်။
19 Oct 2023
ယခုနှစ် သီတင်းကျွတ် အားလပ်ရက်ကာလတွင် ရခိုင်ပြည်၊ သံတွဲမြို့နယ် ငပလီကမ်းခြေသို့ ခရီးသွားလာရောက်မှု နည်းပါးနေသေးကြောင်း ငပလီရှိ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
19 Oct 2023
အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ အပူချိန် မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း၊ နွေရာသီ၌ အပူချိန်မြင့်မားနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်၍ ရခိုင်ပြည်တွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် အသိပေးတိုက်တွန်းမှု ရှိလာကြောင်း သိရသည်။
19 Oct 2023
ရခိုင်ပြည်အတွင်းက မြို့ပေါ်နေရာများအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ထိန်းချုပ်နယ်မြေများတွင်လည်း မူးယစ်ဆေးဝါးများကို အလွယ်တကူ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် ထိရောက်စွာအရေးယူပေးရန် ဒေသခံများက တောင်းဆိုကြသည်။