ရခိုင်တွင် ခုံး(ဂုံး)ကောင်များ သေဆုံးနေမှုမှာ အပူချိန်မြင့်တက်ခြင်းကြောင့်ဟု ဆို

Admin 09 May 2023

ယခုနှစ် ရခိုင်ပြည်တွင် နေ့စဉ်ပျဉ်းမျှအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းများတွင် ဖော်ပြသည်။

ညောင်ဦးတွင် ကျေးရွာပေါင်း ၄၀ ကျော် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရ

Admin 08 May 2023

ညောင်ဦးမြို့နယ်သည် မိုးခေါင်ရေရှား အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်သည့်အတွက် ကျေးလက်နေပြည်သူများမှာ ရေရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့ကြရသည်။

ပေါက်တော မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်၍ လူဦးရေ ၃,၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

Admin 08 May 2023

“အိမ်မီးလောင်သွားတော့ ဘာမှမရလိုက်ဘူး။ အကုန်မီးထဲပါသွားတယ်။ အခုအခက်ခဲဆုံးက နေစရာအိမ်ပဲ။ ဒီလောက်ပူပြင်းတဲ့ ရာသီဥတုရောက်မှ နေစရာမရှိဘူးဖြစ်နေတယ်။

ထိုင်းဘတ်ငွေဈေးကျဆင်းမှုနှင့် ဝယ်လိုအားနည်းခြင်းကြောင့် ပြောင်းဈေးနှုန်းအေးစက်နေ

Admin 08 May 2023

သင်္ကြန်မတိုင်မီ ပြောင်းဆန် တစ်ပိဿာကို ငွေကျပ် ၁,၃၀၀ မှ ၁,၅၀၀ အထိရှိခဲ့ပြီး လက်ရှိမှာ တစ်ပိဿာကို ငွေကျပ် ၁,၁၀၀ သာရှိသည်။ ဝယ်လိုအားလည်းနည်းနေသဖြင့် ပြောင်းဈေးနှုန်းမှာလည်း ဆက်လက်ကျဆင်းနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းကြသည်။

ထိုင်းတွင် နေထိုင်ခွင့်အတွက် CI စာအုပ် ပြုလုပ်ပေးခြင်းကို မေလဒုတိယပတ်မှစ၍ ယာယီရပ်ဆိုင်းထားမည်

Admin 08 May 2023

ထိုင်းရောက် မြန်မာများအနေဖြင့် ယခင်က ပန်းရောင်ကဒ်လျှောက်ကာ နေထိုင်ခွင့်ရခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစ၍ ပန်းရောင်ကဒ်ဖြင့် နေထိုင်ခွင့်မရတော့ဘဲ CI စာအုပ်ရှိမှသာ နေထိုင်ခွင့်ရတော့မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

စစ်တွေတွင် ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်

Admin 08 May 2023

ယခုပြိုင်ပွဲမှ ကစားသမားကောင်းများကို ရွေးချယ်ပြီး နေပြည်တော်တွင် ကျင်းပမည့် တိုင်းနှင့်ပြည်နယ်အလိုက် အသက် ၁၈ နှစ်အောက် ဘောလုံးပြိုင်ပွဲကို ရခိုင်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ 

အာဏာသိမ်းပြီးနောက် ကျောင်းသား ၁၁ ဦး သတ်ဖြတ်ခံရပြီး ၃၀ ဦး ထောင်ချခံထားရကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

Admin 08 May 2023

သတ်ဖြတ်ခံရသူများမှာ နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုနှင့် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြစဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးရခြင်းဟု ဗကသများအဖွဲ့ချုပ် ပြောသည်။

လွိုင်ကော်မြို့တွင်းသို့ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်မှုကြောင့် ဒေသခံများအခက်တွေ့နေ

Admin 08 May 2023

“လွိုင်ကော်မြို့ထဲ ဆန်တွေဆီတွေ ဝင်မရတော့ဘူး။ မြို့ထဲဝင်တဲ့ကုန်ကားတွေ ဆေးကုမ္ပဏီကားတွေကို စစ်တပ်တွေက မြို့ဝင်ဂိတ်မှာပိတ်ပြီး ဖမ်းထားတယ်။"

AA သံသယနှင့် ထောင်ဒဏ်ကျနေသူ လူငယ်နှစ်ဦး ချုပ်ရက်စေ့ လွတ်မြောက်

Admin 06 May 2023

“ကျနော်တို့က ချုပ်ရက်စေ့ပြီးတော့ လွတ်လာတယ်။ ကျန်နေသေးတဲ့ AA နဲ့ပတ်သက်လို့ အကျဉ်းကျနေသူတွေကိုလည်း လွတ်စေချင်တယ်"

ဘူးသီးတောင်တွင် ဆောက်လုပ်ဆဲ မွတ်ဆလင် ဘာသာရေးအဆောက်အအုံကို စစ်ကောင်စီတားမြစ်

Admin 06 May 2023

မီးကျောင်းဈေးကျေးရွာရှိ မွတ်ဆလင်ဘာသာရေးအဆောက်အအုံမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ကျေးရွာအတွင်း မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ဝတ်ပြုရာတွင် အခက်အခဲများရှိနေ၍ အဆောက်အအုံသစ် ဆောက်လုပ်နေခြင်းဟု မွတ်ဆလင်များက ပြောကြသည်။

စစ်တွေ အ.ထ.က (၁) ကို တက္ကသိုလ်ဟောင်းခြံဝင်းရှိ အဆောက်အအုံသစ်သို့ ပြောင်းရွေ့မည်

Admin 06 May 2023

စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက် မေယုလမ်းမကြီးရှိ ကျောင်းဟောင်းမှာ ကျောင်းခြံဝင်းကျဉ်းပြီး လမ်းမကြီးနှင့်နီးကပ်နေ၍ ကျောင်းသား၊ ကျောင်းသူများအတွက် ယာဉ်အန္တရာယ်ရှိနေသည်။

ရခိုင်က ဂျင်းခရုများကို ထိုင်းနိုင်ငံသို့ တင်ပို့ရသဖြင့် ဒေသခံများအဆင်ပြေ

Admin 06 May 2023

ပြီးခဲ့သည့်နှစ်က ဂျင်းခရု ၁ ကီလိုကို ကျပ် ၄,၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၇,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေသည်။

မုန်တိုင်းရှိသဖြင့် ရခိုင်ကမ်းရိုးတန်း ရေကြောင်းခရီးစဉ်များ ရပ်နားဖို့ရှိနေ

Admin 06 May 2023

မိုးဇလ၏ ယနေ့ ည ၇ နာရီအချိန် ထုတ်ပြန်ချက်တွင် - ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မေလ ၈ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မေလ ၁၀ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ကျောင်းသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရက္ခိုင်ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက် ALP ငြင်း

Admin 05 May 2023

စစ်တွေမြို့ မောလိပ်အထက(ခွဲ)တွင် ပညာသင်ယူနေသော Grade – 11 ကျောင်းသား၏နေအိမ်သို့ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ALP တပ်ဖွဲ့ဝင် ခုနစ်ဦးရောက်ရှိလာပြီး ရုံးတွင်တိုင်ချက်ဖွင့်ထားသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့်ချိန်ရွယ်ခြိမ်းခြောက်ကာ ၁၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုသည်။

ထိုင်းတွင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၃၀ ဦး သတ်မှတ်နယ်မြေကျော်လွန်မှုကြောင့် ဖမ်းဆီးခံရ

Admin 05 May 2023

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ထဲတွင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၃၀ ဦးကို သတ်မှတ်နယ်မြေကျော်လွန်မှုကြောင့် ဖမ်းဆီးလိုက်သည်ဟု ချင်းရိုင်ခရိုင်ရဲစခန်းက မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ဆီးဂိမ်းတွင် ရခိုင်က အားကစားသမား ၁၁ ဦး မြန်မာကိုယ်စားပြု ဝင်ပြိုင်နေ

Admin 05 May 2023

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသော အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသော အားကစားသမားများထဲမှာ ရခိုင်ပြည်က ကစားသမား ၁၁ ဦး ပါဝင်သည်။

လာမည့် ရက်ပိုင်းအတွင်း ရခိုင်ကမ်းရိုးတန်းသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်

Admin 05 May 2023

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းသည် လာမည့် မေလ ၈ ရက်နေ့တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောဆိုသည်။

ICJ တွင် မျက်နှာရရန် မွတ်ဆလင်လက်ခံရေးစခန်းများကို လေ့လာရန်ခေါ်ခြင်းဟု ဒုက္ခသည်များ ဝေဖန်

Admin 05 May 2023

စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အရ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများနှင့် မွတ်ဆလင်ဒုက္ခသည် ၂၀ ဦး ပါဝင်သောအဖွဲ့သည် တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စသည့် စခန်းများကို လာရောက်လေ့လာခဲ့ကြသည်။

လျှပ်စစ်ကား အခွန်ကင်းလွတ်ခွင့် သက်တမ်းတစ်နှစ်တိုးကြောင်း စစ်ကောင်စီကြေညာ

Admin 05 May 2023

ပြည်ပနိုင်ငံများမှ တင်သွင်းသည့် လျှပ်စစ်ကားများ၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ ကျသင့်မည့်အခွန်နှုန်း ကင်းလွတ်ခွင့်ကို သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရမှု ဆက်တိုက်ရှိလာ

Admin 04 May 2023

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိနေပြီး မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါပိုးကူးစက်ခံရသူ ၈ ဦးထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၃ ရက်နေ့က ထုတ်ပြန်သည်။

Showing 2,021-2,040 of 8,659 items.