မြောက်ဦးမြို့တွင် ရေရှားပါးမှုကြောင့် ဟိုတယ်လုပ်ငန်းအချို့ ယာယီရပ်နားရမည့် အရေးနှင့်ကြုံတွေ့နေရ

Admin 08 Apr 2023

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ရေရှားပါးမှုပြဿနာ ကြုံတွေ့နေရသည့်အတွက် ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းများမှာ ယာယီရပ်နားထားရမည့် အရေးနှင့် ကြုံတွေ့နေရသည်။

မြောက်ဦးမြို့တွင်းရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းအချို့ကို အမျိုးသားတစ်ဦး လုယက်ထွက်ပြေး

Admin 07 Apr 2023

ရခိုင်ပြည် မြောက်ဦးမြို့တွင် ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းအချို့ကို အမျိုးသားတစ်ဦးက လုယက်ထွက်ပြေးမှု ယနေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို တော်လှန်ရေးတပ် (၁၀) ဖွဲ့က သွားလာခွင့်ပိတ်

Admin 07 Apr 2023

တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း လက်နက်ကိုင်တော်လှန်ရေးတပ် (၁၀) ဖွဲ့က ပိတ်ပင်တားမြစ်လိုက်သည်။

AA နှင့်ဆက်စပ်ကြောင်း တရားစွဲခံထားရသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွေ့ဆိုင်းနေ

Admin 07 Apr 2023

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် တရားရင်ဆိုင်နေကြရသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွေ့ဆိုင်းနေမှုမှာ စွပ်စွဲခံထားရသူများကို စိတ်ဒုက္ခရောက်အောင် လုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။

ကျောက်တော်က စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးအမှု ၅ လအကြာတွင် စတင်စစ်ဆေး

Admin 06 Apr 2023

မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးအမှုကို ၅ လ အကြာတွင် စတင်စစ်ဆေးကြောင်း ရှေ့နေထံမှ သိရသည်။ 

သင်္ကြန်ကာလ ရေလမ်း၊ကုန်းလမ်းယာဉ်လိုင်းများ တစ်ပတ်ခန့် ယာယီရပ်နားမည်

Admin 06 Apr 2023

ရခိုင်ပြည်အတွင်း စစ်တွေ-မြောက်ဦး၊ စစ်တွေ-ပေါက်တောနှင့် စစ်တွေ-ကျောက်ဖြူ ပြေးဆွဲနေသည့် ရေကြောင်းခရီးစဉ်လိုင်းများကိုလ်း ဧပြီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရပ်နားသွားမည်ဖြစ်သည်။

ထိုင်းဘက်သို့ ထွက်ပြေးခိုလှုံနေသည့်  မြန်မာစစ်ဘေးရှောင် ၆,၀၀၀ ကျော် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေ 

Admin 06 Apr 2023

ဧပြီလ ၅ ရက်နေ့မှစ၍  ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဒေသခံများမှာ သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနယ်စပ်သို့ ထွက်ပြေးသွားခဲ့ရသည်။ 

ပုဏ္ဏားကျွန်းတွင် ဒိုင်းနက် ရိုးရာပန်းမျှောပွဲ ပြုလုပ်မည်

Admin 06 Apr 2023

ဒိုင်းနက် (ခေါ်) သက္ကမ လူမျိုးတို့၏  ရိုးရာပန်းမျှောပွဲတော်ကို  ပုဏ္ဏားကျွန်းမြို့နယ်၊ ရှင်တော်ကျေးရွာတွင် လာမည့် ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

မွတ်ဆလင်ဒုက္ခသည် ၇၀၀ ကျော်ကို ကနဦး လက်ခံရန် စစ်ကောင်စီ အတည်ပြု

Admin 05 Apr 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားသည့် မွတ်ဆလင်ဒုက္ခသည်များထဲမှ လူဦးရေ ၇၀၀ ကျော်ကို ကနဦး လက်ခံရန် စစ်ကောင်စီက အတည်ပြုထားသည်။

မြောက်ဦးနန်းတော်ရာကုန်းက မူလရေလမ်းကြောင်းများကို ပြန်လည်တူးဖော်နေ 

Admin 05 Apr 2023

နန်းတော်ရာကုန်းအောက်ထပ်တွင် ကားဂိတ်၊ ထမင်းဆိုင်၊ ဈေးဆိုင်တန်းများ ဆောက်လုပ်ထားသည့်အတွက် မူလတည်ရှိသော ရေလမ်းကြောင်းများမှာ ပိတ်ဆို့သွားခဲ့ခြင်းဖြစ်သည်။ 

KNDF ကို ညီနောင်သုံးဖွဲ့က စစ်ရေးအကူအညီပေးထား

Admin 05 Apr 2023

ကရင်နီ အမျိုးသားတော်လှန်ရေးတပ် KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သော AA၊ TNLA နှင့် MNDAA တို့က စစ်ရေးအကူအညီများ ပေးထားကြောင်း AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့် မြဝတီဒေသခံ ၅,၀၀၀ ခန့် အကူအညီလိုအပ်နေ 

Admin 05 Apr 2023

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲကနယ်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် ဒေသခံ ၅,၀၀၀ ခန့်မှာ အကူအညီများ လိုအပ်နေသည်။ 

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားလုပ်ငန်းအရှုံးပေါ်နိုင်ဟု ရခိုင်ဆားတောင်သူများပြော 

Admin 04 Apr 2023

ရခိုင်ပြည်တွင် ဧပြီလဆန်း ၂ ရက်နှင့် ၃ ရက်နေ့က မိုးရွာသွန်းခဲ့မှုကြောင့် ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ သံတွဲ မြို့နယ်တို့မှ ဆားလုပ်ကွက်တစ်ချို့မှာ မိုးရေဝင်ပျက်စီးသွားခဲ့သည်။ 

ရခိုင်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တိုကင်ပေးဝေမှုစနစ်ကို ပြန်လည်လုပ်ဆောင်နေပြီ

Admin 04 Apr 2023

ရခိုင်ပြည်တွင် နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများအတွက် တိုကင်ပေးဝေမှုစနစ်ကို ဧပြီလ ၃ ရက်နေ့ကစပြီး ပြန်လည်လုပ်ပေးနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

မြောက်ဦးမြို့တွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရ 

Admin 04 Apr 2023

မိုးရွာသွန်းမှုနည်းပါးခြင်း၊ လက်ဆည်ကန်အနီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းတို့အပြင် စည်းကမ်းမဲ့ ရေသုံးစွဲမှုတို့ကြောင့် မြောက်ဦးမြို့တွင် သတ်မှတ်ချိန်ကာလထက် အလျင်အမြန် ရေခမ်းခြောက်သွားခြင်း ဖြစ်သည်။ 

ရခိုင်သတင်းသမားများကို ဖမ်းဆီးရန် စောင့်ကြည့်နေကြောင်း စစ်ကောင်စီ ခြိမ်းခြောက်

Admin 04 Apr 2023

ရခိုင်ပြည်သို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မှုနှင့်ပတ်သက်ပြီး ပုတ်ခတ်သောသတင်းများဖော်ပြသည် ဟုဆိုကာ ရခိုင်ပြည်အတွင်းက သတင်းမီဒီယာ တာဝန်ရှိသူတို့ကို ဖမ်းဆီးရန် စောင့်ကြည့်နေပြီဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလာသည်။

ရခိုင်တွင် လွတ်မြောက်နယ်မြေများ ဆက်လက်ရရှိရန် ကြိုးပမ်းနေဟု AA ဒု-စစ်ဦးစီးချုပ်ပြော

Admin 04 Apr 2023

ရက္ခိုင့်တပ်တော်(AA)၏ တော်လှန်ရေးခရီး ၁၄ နှစ်တာ ကာလအတွင်း ရခိုင်ဒေသအများအပြားကို ထိန်းချုပ်နိုင်ပြီး ဖြစ်သော်လည်း လွတ်မြောက်နယ်မြေများကို ယခုထက်ပိုမိုရရှိအောင် ကြိုးပမ်းနေသည်ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

စစ်ကောင်စီနှင့်တွေ့ဆုံရာတွင် အချင်းချင်း ယုံကြည်မှု ခြေလှမ်းများရရှိခဲ့ကြောင်း EAO (၇) ဖွဲ့ ပြော

Admin 04 Apr 2023

စစ်ကောင်စီနှင့် NCA ရေးထိုးထားသည့် EAOs (၇) ဖွဲ့တို့ ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်အပြန်အလှန် နားလည်နိုင်သည့် ယုံကြည်မှု ခြေလှမ်းများရရှိခဲ့ကြောင်း တွေ့ဆုံခဲ့သူများက ပြောဆိုကြသည်။

ရောင်းပန်းလှစေရန်အတွက် ဟင်းသီးဟင်းရွက်များတွင် မလိုအပ်ဘဲ ဓာတုဆေးဝါးသုံးစွဲမှုများ ရှိလာ 

Admin 04 Apr 2023

ဟင်းသီးဟင်းရွက်များကို ဈေးကွက်အတွင်း ရောင်းပန်းလှရန်အတွက် ပိုးသတ်ဆေးများနှင့် အသီးအပွင့်ကြီးဆေးများ သုံးစွဲမှုများပြားလာနေသည်ကို တွေ့ရှိရကြောင်း ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောဆိုသည်။ 

ရခိုင်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်းများ ပြုလုပ်လာ

Admin 03 Apr 2023

“စစ်ကျွန်သက်တမ်းမရှည်ဖို့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ကြွေးကြော်ချက်နှင့်အတူ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့် ကမ်ပိန်းများ ရခိုင်ပြည်တွင် ပြုလုပ်လာနေသည်ကို တွေ့ရသည်။

Showing 2,101-2,120 of 8,659 items.