မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့တုံ့ပြန်မှုက အံ့ဩစရာကောင်းအောင် တိတ်ဆိတ်နေ

Admin 25 Oct 2022

IPI ကော်မတီအဖွဲ့ဝင်များသည် ထိုင်း-မြန်မာနယ်စပ်တွင် အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ဖွဲ့စည်းခဲ့ကြပြီး ၎င်းအဖွဲ့တွင် ယခုမူရင်းဆောင်းပါးရေးသူလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ အဆိုပါအဖွဲ့အနေဖြင့် မဲဆောက်တွင် ဒါဇင်နှင့်ချီသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအရုံး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ကြသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ကြာသပတေးနေ့တွင် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမည်

Admin 24 Oct 2022

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် အောက်တိုဘာလ ၂၇ ရက် ကြာသပတေးနေ့တွင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အထူးအစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၂၃ ရက်နေ့က ပြောကြားသည်။

မြန်မာကို ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့က အမည်ပျက်နိုင်ငံအဖြစ် ကြေညာ

Admin 24 Oct 2022

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force – FATF)က မြန်မာနိုင်ငံအား အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးကိစ္စရပ်များနှင့်ဆက်စပ်ပြီး အမည်ပျက်စာရင်းတွင် ထည့်သွင်းကြေညာလိုက်ကြောင်း Nikkei Asia သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအပေါ် မြန်မာအီလစ်တွေရဲ့သဘောထား

ကြည်ဖြူစံ 01 Oct 2022

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေကြသူတွေရဲ့ တရုတ်အစိုးရဆီဦးတည်နေတဲ့ ပြင်းပြပူလောင်နေတဲ့ဒေါသတွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ ဒီတွေ့ရှိချက်က အံဩဖို့ကောင်းလောက်အောင်ကိုပဲ အရောရောအထွေးထွေးနဲ့ ကွဲလွဲမှုတွေရှိနေပါတယ်။ အမှန်တကယ်ဆိုရင်လည်း ဒီစစ်တမ်းမှာတွေ့ရမှုတွေဟာ စင်္ကာပူနိုင်ငံရဲ့ ISEAS-Yusof Ishak Institute က နှစ်စဉ်ထုတ်ဝေတဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အခွင့်ထူးခံအီလစ်တွေရဲ့ သဘောထားအမြင်များဆိုင်ရာစစ်တမ်း ၂၀၂၂ ခုနှစ် တွေ့ရှိချက်တွေနဲ့ သိသိသာသာကိုပဲ ကွဲလွဲနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြဿနာ

ကြည်ဖြူစံ 28 Sep 2022

၂၀၁၆ ခုနှစ် ဒီမိုကရေစီအစိုးရ မတက်လာခင်အချိန်အထိ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေက ဆယ်စုနှစ်ငါးစု ကျော်ကြာတဲ့အထိ အုပ်ချုပ်ခဲ့ပါတယ်။ အာဏာရှင်စစ်အစိုးရတွေရဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုတွေကို လေ့လာခဲ့ကြတဲ့ ပညာရှင်တွေက ဒီမိုကရေစီဆိုတာ ဘက်မလိုက်ဘဲ တရားမျှတမှုရှိတဲ့ ပုံမှန်ရွေးကောက်ပွဲတွေကို ချောချောမွေ့မွေ့ ကျင်းပပေးပြီး အစိုးရသစ်တစ်ရပ် ရွေးကောက်တင်မြှောက်ရုံနဲ့မပြီးဘဲ အားလုံး တန်းတူညီမျှ ပါဝင်မှုရသင့်တယ်လို့ ပြောဆိုလေ့ရှိကြပါတယ်။

မြန်မာနိုင်ငံမှရောက်ရှိလာသူများအမေရိကန်တွင် ယာယီနေထိုင်ခွင့် သက်တမ်း ၂၀၂၄ မေလအထိထပ်တိုး

27 Sep 2022

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ရောက်ရှိနေကြသူများအားအမေရိကန်နိုင်ငံအတွင်းယာယီနေထိုင်ခွင့်ကိုတစ်နှစ်ခွဲထပ်မံသက်တမ်းတိုးခွင့်ပြုလိုက်ကြောင်းဘိုင်ဒန်အစိုးရအဖွဲ့ကတနင်္လာနေ့တွင် ကြေညာလိုက်သည်။

မြန်မာအပေါ်ထားသည့် ဘင်္ဂလားဒေ့ရှ်၏ မူဝါဒကို ပြန်သုံးသပ်သင့်ပြီ

မေမိုး 24 Sep 2022

မြန်မာသည် ပြည်သူများကို အနိုင်ကျင့်သတ်ဖြတ်ကာ အကြမ်းဖက်နေသည့်အတွက် ၎င်းကိုလက်နက် ရောင်းချခြင်းက တားဆီးရန် နိုင်ငံများကို ကုလသမဂ္ဂက မကြာသေးမီက တောင်းဆိုခဲ့သည်။

မြန်မာသို့ လက်နက်ရောင်းချမှု တားမြစ်ပေးရန် ကုလလူ့အခွင့်အရေးရုံးကအရေးပေါ်တောင်းဆို

Foreign Desk 19 Sep 2022

ပြည်သူလူထုအားဖိနှိပ်မှု၊ အကြမ်းဖက်မှုများဖြင့် အုပ်ချုပ်နေသော မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချခြင်း၊ ဘဏ္ဍာရေးအကျိုးအမြတ် ရရှိစေခြင်းများကိုကမ္ဘာ့နိုင်ငံများအနေဖြင့် ပိုမိုတားဆီးသင့်ကြောင်းကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကစက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာစစ်ရာဇဝတ်မှုများနှင့်ပတ်သက်သည့် အချက်အလက်အမြောက်အများ ဖေ့စ်ဘုတ်ကုမ္ပဏီထံမှရရှိထားဟု ကုလပြော

Foreign Desk 13 Sep 2022

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအတွက် အထောက်အပံ့ဖြစ်စေမည့် သန်းနှင့်ချီသည့် အချက်အလက်များကို ဖေ့စ်ဘုတ်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့အကြီးအကဲက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

တောင်ကိုရီးယား ဒီမိုကရေစီအသွင်ကူးပြောင်းမှုက အရှေ့တောင်အာရှအတွက် စံတစ်ခုဖြစ်လာနိုင်လား

ကြည်ဖြူစံ 11 Sep 2022

၁၉၄၅ ခုနှစ်တွင် ဂျပန်အင်ပါယာကိုစစ်ရှုံးနိမ့်ပြီးနောက် အမေရိကန်က ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းကို သိမ်းပိုက်ခဲ့သည်။ ကိုလိုနီခေတ်အတွင်း လွတ်လပ်သော တက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် Syngman Rhee ဦးဆောင်သော အမည်ခံဒီမိုကရေစီအစိုးရတရပ်ကို တည်ထောင်ခဲ့ကြသည်။ သို့သော်ကိုရီးယားစစ်ပွဲက တောင်ကိုရီးယားနိုင်ငံရေးသမားများအကြား ပြင်းထန်သော ကွန်မြူနစ်ဆန့်ကျင်ရေး စိတ်ဓာတ်ကိုဖြစ်ပေါ်စေခဲ့ပြီး Rhee ၏ ၁၂ နှစ်သက်တမ်းရှည်ကြာစေမည့် တင်းကျပ်သော သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကို ဖြစ်ပေါ်စေခဲ့သည်။

အူရီဒူးမြန်မာကို စင်္ကာပူကုမ္ပဏီသို့ ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချ

Foreign Desk 08 Sep 2022

အူရီဒူးမြန်မာ၏ လုပ်ငန်းလည်ပတ်မှုများအား စင်္ကာပူအခြေစိုက် Nine Communications ကုမ္ပဏီသို့ ရောင်းချရန် သဘောတူလက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတပူတင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ

Foreign Desk 07 Sep 2022

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဗုဒ္ဓဟူးနေ့၌ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရမချင်း မြန်မာနိုင်ငံသို့ သွားတော့မည်မဟုတ်ဟု ကုလအထူးသံတမန် ပြောဆို

Foreign Desk 07 Sep 2022


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်အစိုးရအနေဖြင့် သူမအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးလျှင် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်တော့မည် မဟုတ်ကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ့ခုခံတော်လှန်စစ် အောင်မြင်ဖို့ နိုင်ငံတကာက ကူညီရမည့်အချိန် ရောက်ပြီ

ကြည်ဖြူစံ 05 Sep 2022

NUG ၊ NUCC ၊ ပြည်နယ်အဆင့်အတိုင်ပင်ခံ ကောင်စီများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ EAO များ၏ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖွဲ့များအပါအဝင် အဓိကကျသော တော်လှန်ရေးအုပ်စုများအား ပံ့ပိုးပေးနေသည့် အရပ်ဘက်အဖွဲ့ အစည်းများအား နှစ်ဆတိုးထောက်ခံရပေမည်။

အရှေ့တောင်အာရှနိုင်ငံတွေ မျက်စိကျလာတဲ့ နျူကလီးယားအင်အား (၂)

လင်းခိုင် 03 Sep 2022

ဗီယက်နမ်သည် ဆိုလာစွမ်းအင်တွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် ကမ္ဘာ့နိုင်ငံများစာရင်းတွင် လောလောလတ်လတ် ပါဝင်လာသည်။ ၂၀၁၆ ခုနှစ်တွင် ရုရှားနှင့် နျူကလီးယားစွမ်းအင် သဘောတူညီချက်တစ်ရပ် ရေးထိုးခဲ့သည့် လာအိုနိုင်ငံသည် ရေအားလျှပ်စစ်တင်ပို့သည့် အဓိကနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

အကြမ်းဖက်မှုတွေနဲ့ ကိုယ့်ဇာတ်ကိုယ်မနိုင် ဖြစ်နေတဲ့ မြန်မာစစ်တပ်

ကြည်ဖြူစံ 01 Sep 2022

စစ်ကောင်စီသည် အိမ်နီးချင်းထိုင်းနိုင်ငံကို အားကျမခံဘဲ အတုခိုးဖို့ကြိုးစားနေသည်က ထင်ရှားပါသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် စစ်တပ်အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ထိုင်းနိုင်ငံကို ၈ နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၎င်းသည် အာဏာရပါတီစုံ ညွှန့်ပေါင်းဖွဲ့မှုဖြင့် ၂၀၁၉ ခုနှစ် အထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

" အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ရုရှားနဲ့ မြန်မာဆက်ဆံရေး ပိုပြီးနက်ရှိုင်းခိုင်မာလာ "

ကြည်ဖြူစံ 26 Aug 2022

ရုရှားသည် ပြီးခဲ့သောနှစ်ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သော မြန်မာစစ်တပ်အတွက် အဓိကထောက်ခံသူနှင့် လက်နက်ထောက်ပံ့ပေးသူဖြစ်သည်။ အချို့ သောလက်နက်များသည် စစ်အုပ်ချုပ်ရေး ဆန့်ကျင်နေကြသော တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည် ဟုဆိုသည်။

မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့သဘောထား တင်းမာလာ

ကြည်ဖြူစံ 20 Aug 2022

မလေးရှားနိုင်ငံသည် အဖွဲ့တွင်းမှ သိသိသာသာခွဲထွက်ပြီး NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သော ပထမဆုံး အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ အကယ်၍ စစ်ကောင်စီအနေဖြင့် သွေးလွှမ်းသောလမ်းကို ဆက်ပြီးလျှောက် လှမ်းနေဦးမည်ဆိုလျှင်တော့ နောက်တက်လာမည့် အာဆီယံဥက္ကဌက ဆိုးရွားသောအဖြစ်အပျက်များကို တိတ်တဆိတ် ရပ်ကြည့်နေလိမ့်မည်တော့ မဟုတ်ပေ။ NUG ကို ဂျကာတာတွင် ရုံးခန်းဖွင့်ခွင့်ပေးကာ စစ်ကောင်စီအပေါ် ဖိအားများ တိုးမြှင့်လာစေလိမ့်မည်။ စစ်ကောင်စီအား ပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့သော ဖိလစ်ပိုင်သည် မလေးရှားနိုင်ငံ၏ ချဉ်းကပ်မှုအတိုင်း လိုက်ပါဆောင်ရွက်မည့် နောက်ထပ်အာဆီယံနိုင်ငံ ဖြစ်လာနိုင်ပေသည်။

မြန်မာနိုင်ငံအရေး ရွေးချယ်ဖို့ခက်ခဲတဲ့အချိန်

ကြည်ဖြူစံ 09 Aug 2022

PDF များအပေါ် NUG ကအမိန့်ပေးနိုင်မှုနှင့် ထိန်းချုပ်မှုမည်မျှရှိနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။ PDF အများစုက လုံးဝလွတ်လပ်နေပြီး သီးခြားရပ်တည်နေခြင်းလည်း ပါဝင်ပါသည်။ စစ်ကောင်စီကို အထိရောက်ဆုံး ခုခံတော်လှန်နေကြသော EAO များအပေါ် NUG ၏ထိန်းချုပ်နိုင်မှု သို့မဟုတ် ထိထိရောက်ရောက် ကိုယ်စားပြုမှု မည်မျှရှိသည်ကိုလည်း ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါ။

ဥရောပနိုင်ငံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆက်ဆံရေးအခြေအနေ (၂)

ကြည်ဖြူစံ 01 Aug 2022

ဥရောပအစိုးရများအတွက် ပြဿနာတစ်ခုမှာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာတွင် အာဆီယံဦးဆောင်ဖြေရှင်းနေမှုကို တောက်လျှောက်ထောက်ခံနေမှု ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာတော့ ထိုဦးဆောင်မှုက ပိုပြီးမေးခွန်းထုတ်စရာဖြစ်လာသည်။ ပြီးခဲ့သောနှစ်က အာဆီယံ နှင့် စစ်ကောင်စီအကြား သဘောတူညီထားခဲ့သော အချက် ၅ ချက်ပါ သဘောတူညီချက်က အောင်မြင်မှုလုံးဝမရခဲ့သော်လည်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရောက်ရှိရန် နှစ်ဆနီးပါး အာဆီယံက အားထုတ်ခဲ့သည်။

Showing 161-180 of 340 items.