Admin
23 Mar 2023
DMG (ဘာသာပြန်ဆောင်းပါး)
၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းနဲ့မြန်မာစစ်တပ်တို့ရဲ့ အာဏာသိမ်းမှုက သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ ဒီမိုကရေစီကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ ထိုင်းနဲ့မြန်မာပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို သက်ဆိုင်ရာနိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြင်းအထန်နှိပ်ကွပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက အာဏာရှင်စနစ်လမ်းကြောင်းဆီ ကမ္ဘာ့နိုင်ငံတွေကို တွန်းပို့နေပါတယ်။
ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးနဲ့ ငါးနှစ်ကြာအုပ်ချုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲကလည်း စစ်တပ်ကြီးစိုးတဲ့ ဒီမိုကရေစီနဲ့ဘုရင်စနစ်ကို သက်ဆိုးရှည်စေခဲ့ပါတယ်။ မြန်မာစစ်တပ်အာဏာသိမ်းမှုကလည်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ဆက်တွဲ သွေးထွက်သံယို ဖြစ်စေတဲ့ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။
နှစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ်ဩဇာက ရာစုနှစ်များစွာကြာတဲ့အထိ တည်ရှိနေခဲ့ပါတယ်။ ထိုင်းတော်ဝင် ဘုရင့်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ဟာ နိုင်ငံရဲ့စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍတို့မှာ နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ပါ တယ်။ ၁၉၃၂ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖြုတ်ချခဲ့သလို ၁၉၄၈ ခုနှစ်မှာတော့ မြန်မာနိုင်ငံလည်း ဗြိတိန်ဆီကနေ လွတ်လပ်ရေးရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် စစ်တပ်က ဦးဆောင်လမ်းပြပေးခဲ့ပြီး စည်းလုံးညီညွတ်ဖို့အတွက်လည်း တွန်းအားပေးခဲ့တဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်ဆိုပြီး နိုင်ငံရေးတရားဝင်မှုကိုပါ မြန်မာစစ်တပ်က ရယူထားပါတယ်။...