စစ်တွေကန်တော်ကြီးကို ရေဖြည့်တင်းမည့် မြေအောက်ရေတွင်းများ ရေထွက်ရှိမှု နည်းပါး

Admin 03 Apr 2023

စစ်တွေမြို့ဒေသခံများ ရေလုံလောက်စွာသုံးစွဲနိုင်အောင် စစ်ကောင်စီခေါင်းဆောင် ညွှန်ကြားချက်ဖြင့် မြေအောက်ရေတူးဖော်နေသော်လည်း  ရေထွက်ရှိမှုနှုန်း နည်းပါးနေသည်။

ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်း စစ်ကောင်စီက ဆက်လက်ကန့်သတ်ထားဆဲ

Admin 31 Mar 2023

ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်းသည် စစ်ရေးအရအရေးပါသော လမ်းကြောင်းတစ်ခုဖြစ်သဖြင့် လက်နက်ကိုင်နှစ်ဖက်စလုံးမှ နယ်မြေထိန်းချုပ်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်။

အပစ်ရပ်ကာလတွင် AA က ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လာ

Admin 31 Mar 2023

စစ်ကောင်စီတပ်နှင့် ယာယီအပစ်ရပ်ထားသည့် ရက္ခိုင့်တပ်တော် (AA) သည် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများအတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။

ပလက်ဝက နေရပ်ပြန် စစ်ဘေးရှောင်အချို့ စားဝတ်နေရေးအဆင်မပြေ၍ မြို့ပေါ်သို့ ပြန်လာ

Admin 30 Mar 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာသို့ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်အများအပြားမှာ ကျေးရွာ၌ လုပ်ကိုင်စားသောက်ရန် အဆင်မပြေမှုကြောင့် စားဝတ်နေရေးအခက်အခဲရှိလာ၍ ပလက်ဝမြို့ပေါ်သို့ ပြန်လာမှုများရှိနေသည်။

အပစ်ရပ်ထားသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေ

Admin 30 Mar 2023

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုဖြင့် အပစ်ရပ်ထားသော်လည်း ရခိုင်ပြည်ရှိမြို့နယ်အနှံ့တွင် စစ်ကောင်စီတပ်က တပ်အပြောင်းအရွှေ့များ လုပ်ဆောင်နေပြီး စစ်အင်အားတိုးချဲ့မှုများလည်း ရှိနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။

မြဝတီ ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုကြောင့် နယ်စပ်ကုန်သွယ်မှု ယာယီရပ်ဆိုင်း

Admin 30 Mar 2023

ကရင်ပြည်နယ် မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီး ပို့ကုန်သွင်းကုန်ရုံး မီးလောင်သွားသဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများ ယာယီရပ်တန့်နေကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။

တစ်နိုင်ငံလုံး ဒေသထုတ်ကုန်ပြိုင်ပွဲတွင် ရခိုင်ဓနိဖူးထုတ်ကုန် ပထမအဆင့်ရရှိ 

Admin 30 Mar 2023

မြန်မာနိုင်တစ်ငံလုံး အတိုင်းအတာအရပြုလုပ်သည့် ဒေသထုတ်ကုန်ပြိုင်ပွဲတွင် ရခိုင်ဒေသထွက် ဓနိဖူးနှင့် ဆက်စပ်ထုတ်ကုန်များဖြင့် ကျောက်ဖြူမှလုပ်ငန်းရှင်တစ်ဦးက ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်ရရှိခဲ့ကြောင်း သိရသည်။ 

ရခိုင်တွင် တိုက်ပွဲရပ်တန့်နေသော်လည်း ညမထွက်ရအမိန့် ဆက်လက်ရှိနေဆဲ 

Admin 30 Mar 2023

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲရပ်တန့်နေသည်မှာ ၄ လခန့် ကြာမြင့်လာပြီဖြစ်သော်လည်း စစ်ကောင်စီက ရခိုင်ကမြို့နယ်တချို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဆက်လက် ထုတ်ပြန်နေဆဲဖြစ်သည်။ 

မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး

Admin 29 Mar 2023

စစ်အာဏာရှင်တော်လှန်ရေးဆင်နွှဲနေသည့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ကို ချီးကျူးဂုဏ်ပြုကြောင်း ရက္ခိုင့်တပ်တော် (AA)က ပြောဆိုလိုက်သည်။

မင်းပြားမှ AA သံသယဖြင့်တရားစွဲခံရသူအမှု အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၈ လထိ ကြာမြင့်လာ

Admin 29 Mar 2023

မတရားအသင်းဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် မင်းပြားဒေသခံတစ်ဦးအမှုတွင် အပြီးသတ်အမိန့်ချရန်သာ ကျန်ရှိသော်လည်း အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည်မှာ ၈ လခန့်အထိရှိလာနေသည်ဟု မိသားစုဝင်များထံမှ သိရသည်။ 

လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပါက အရေးယူခံရမည်ဟု ရခိုင်က အသင်းအဖွဲ့များကို စစ်ကောင်စီ ခေါ်ယူသတိပေး

Admin 29 Mar 2023

ရခိုင်ပြည်အတွင်းက အရပ်ဘက်အဖွဲ့အစည်းများကို လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပါက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ဖြင့် အရေးယူခံရမည်ဟု ပြည်နယ်စစ်ကောင်စီက ခေါ်ယူသတိပေးခဲ့သည်။

စစ်ကောင်စီရွေး/ကော်ထံ ရခိုင်ပြည်မှ ပါတီ ၆ ခု မှတ်ပုံတင်၊ ပါတီ ၃ ခု ဖျက်သိမ်းခံရ

Admin 29 Mar 2023

ရွေးကောက်ပွဲပြုလုပ်မည့်အချိန် မသိရသေးသော်လည်း တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၅၀ ရှိပြီး၊ ယင်းအထဲတွင် ရခိုင်ပြည်မှ ပါတီ ၆ ခုပါဝင်ကြောင်း စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ 

စစ်ကောင်စီနှင့် အပစ်ရပ် ၇ ဖွဲ့တွေ့ဆုံမှု ငြိမ်းချမ်းရေးအတွက် အလုပ်မဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များ ရှုမြင်

Admin 29 Mar 2023

စစ်ကောင်စီသည် ၎င်းတို့နှင့် တိုက်ပွဲများဖြစ်ပွားနေသော အခြားအင်အားကြီး လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးခြင်းမရှိဘဲ၊ အပစ်ရပ်အဖွဲ့များနှင့်သာ ဆွေးနွေးနေမှုမှာ ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုနိုင်ဘဲ ဟန်ပြသဘောသာ ဖြစ်နေသည်။

ဆမီးမြို့က စစ်ဘေးရှောင် ၁,၅၀၀ ကျော် မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ဟု စစ်ကောင်စီပြော (စစ်ကောင်စီ ဖိအားပေး၍ နေရပ်ပြန်ရခြင်းဟု စစ်ဘေးရှောင်များဆို)

Admin 29 Mar 2023

စစ်ဘေးရှောင်များ နေရပ်ပြန်သွားကြပြီဖြစ်၍ ၎င်းတို့ယာယီနေထိုင်ခဲ့သော ဆမီးမြို့မှ စည်ပင်၊ မျိုးပိုင်ကုန်း၊ ထွေ/အုပ်နှင့် ပျံကျဈေး စစ်ဘေးရှောင်စခန်းတို့ကို ပိတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကောင်စီက ကြေငြာသည်။ 

ပြည်သူရှိသရွေ့ ပါတီရှိနေမည်ဟု NLD ထုတ်ပြန်

Admin 29 Mar 2023

စစ်ကောင်စီမှ ပါတီဖျက်သိမ်းကြောင်း ကြေညာရာတွင်ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေဖြင့် ပြည်သူရှိသရွေ့  ပါတီရှိနေမည်ဖြစ်ကြောင်း ယနေ့ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ရေးပဋိက္ခနှင့်ပတ်သက်ပြီး မြို့နယ်  ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထား

Admin 28 Mar 2023

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခရှိသည့် မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့က ထုတ်ပြန်သည်။

ကျောက်တော်ဒေသခံသုံးဦးကို အပြီးသတ်အမိန့်မချဘဲ ရုံးချိန်းထပ်မံရွေ့ဆိုင်း 

Admin 28 Mar 2023

၎င်းတို့သုံးဦးကို အပြီးသတ်အမိန့်ချမှတ်ရန် ယနေ့ရုံးချိန်ထားသော်လည်း “အမိန့်စာရေး၍မပြီးသေး” ဆိုသည့် အကြောင်းပြချက်ဖြင့် ဧပြီလ ၅ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက ပြောသည်။ 

NUG ၊ PDF နှင့် EAO အဖွဲ့အချို့ကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြောဆိုချက် လက်တွေ့တွင် မဖြစ်နိုင်

Admin 27 Mar 2023

NUG ၊ PDF နှင့် EAO အဖွဲ့အချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် စစ်ကောင်စီဥက္ကဌက ပြောဆိုလိုက်သည်။ 

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၁၀၀ အထိရှိလာ

Admin 27 Mar 2023

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၁၀၀ အထိ ရှိလာနေပြီဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။ 

ရခိုင်က မြို့နယ်တချို့တွင် စက်သုံးဆီ ပြတ်လပ်မှုဖြစ်နေ

Admin 27 Mar 2023

ရခိုင်ပြည်အတွင်းက တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ စသည့်မြို့နယ်အချို့မှ စက်သုံးဆီ ဆိုင်ကြီးများတွင် ယခုရက်ပိုင်းအတွင်း စက်ဆုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။

Showing 2,121-2,140 of 8,659 items.