မီးခိုးငွေ့ကြားမှ မှုန်ဝါးဝါးဘဝများ
04 Apr 2021
သံသေတ္တာများ၊ အိုးခွက်ပန်းကန်များ ပြန့်ကြဲနေသည့်နေရာတစ်ဝိုက်တွင် မီးခိုးနံ့များက လွှမ်းခြုံလျက်ရှိ နေသည်။ အဆိုပါနေရာမှ အသုံးပြု၍ရနိုင်မည်ဟုယူဆသောပစ္စည်းများကို လူတစ်ချို့က ရှာဖွေရွေးထုတ်လျက် ရှိကြသည်။ လူတစ်ချို့ဆိုသည်မှာ အခြားသူများတော့မဟုတ်ပေ၊ စစ်ဘေးရှောင်ဟုခေါ်ကြသော ဒုက္ခသည် များပင်ဖြစ်သည်။