သံဇစ်မြစ်ရဲ့ ငိုရှိုက်သံ
07 Sep 2018
‘‘အဲဒီအရောင်တွေ ငါးဖမ်းပိုက်တွေကို စွန်းထင်းသွားတော့ တစ်ကြိမ် နှစ်ကြိမ်ဆေးကြောလို့တောင် ပျောက်မသွားဘူး။ အဲဒီအရောင် စွန်းထင်းသွားတဲ့အတွက် ငါးဖမ်းပိုက်က အနံ့တော်တော်ထွက်တယ်။ ရက်ပေါင်း (၂၀)လောက်ရှိပြီ ပိုက်မှာ ခုတောင် အရောင်မပျောက်သေးဘူး။ ဒီလမှာတော့ ပုဇွန်တွေအများအပြားရတယ်ဆိုပေမယ့် နောက်လတွေမှာ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး’’