နိုင်ငံတစ်ဝန်း တစ်ရက်ကို ၇ ကြိမ်နှုန်း လေကြောင်းပစ်ခတ်နေ၊ ရခိုင်တွင် အများဆုံးဖြစ်

Admin 10 Oct 2024

လေ‌ကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်တွင် အရပ်သား သေဆုံးသူ ၁၀၁ ဦး၊ ရှမ်းမြောက်တွင် သေဆုံးသူ ၁၀၅ ဦး၊ မန္တလေးတွင် ၇၇ ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်း၊ မကွေး၊ ကချင်မှာလည်း အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့သည်။

ဖမ်းဆီးခံ ရခိုင်တေးသံရှင် ဆုမြတ်ထက်နှင့် မိသားစု အဆက်သွယ်မရ

Admin 10 Oct 2024

အသက် ၄၀ အရွယ် တေးသံရှင် ဆုမြတ်ထက်ကို အောက်တိုဘာ ၇ ရက်၊ နေ့လည် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်မှ တူမဖြစ်သူနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

ဂွတွင် ဆန်ကြမ်း တစ်ပြည်ကို တစ်သောင်းသုံးထောင်ကျပ်ထိ ဈေးမြင့်တက်နေ 

Admin 10 Oct 2024

ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားချိန်မှစ၍ ဧရာဝတီတိုင်းမှ ကုန်ပစ္စည်းသယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်သဖြင့် အခြေခံစားသောက်ကုန် ပြတ်လပ်မှုနှင့် ကြုံတွေ့နေကြရသည်။ 

လေကြောင်းအန္တရာယ်ကြောင့် သီတင်းကျွတ်ကာလ လူစုလူဝေး မပြုလုပ်ကြရန် လိုအပ် 

Admin 09 Oct 2024

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး သီတင်းကျွတ်ကာလအတွင်း ဆီမီးပူဇော်ခြင်း၊ ပွဲလမ်းသဘင်များ ပုံမှန်ကျင်းပကြသည်။ 

မလေးရှားတွင် တစ်ပတ်အတွင်း မြန်မာလုပ်သား ၆၀၀ ခန့် ဖမ်းဆီးခံရ

Admin 09 Oct 2024

အောက်တိုဘာ ၅ ရက်နေ့က ရှားအလန်းနှင့် ဆရင်ဘန်း မြို့များတွင် မလေးရှားရဲနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသား ၈၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ထွက်ပြေးသည့် မြန်မာအမျိုးသမီးတစ်ဦးမှာ ရထားတိုက်မိမှုကြောင့် သေဆုံးသွားခဲ့ရသည်။

စကခ (၅) ဌာနချုပ်နှင့် တောင်ကုတ်မြို့ကို သိမ်းပိုက်ရန် AA ပြင်ဆင်

Admin 09 Oct 2024

ရခိုင်ဒေသတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) ကျောက်တော်၊ စကခ (၁၅) ဘူးသီးတောင်နှင့် စကခ (၅) တောင်ကုတ် ဟူ၍ စကခသုံးခုရှိပြီး အမှတ်  (၉) နှင့် (၁၅) ကို AA က သိမ်းပိုက်ထားသည်။

အမ်းမြို့တွင် ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင် ၆၀ ကျော်နှင့် အဆက်အသွယ် မရသေး 

Admin 09 Oct 2024

ရွာအနီးတိုက်ပွဲများကြောင့် ရွာသာယာ၊ မီးလောင်ချောင်း၊ ကျောက်စကွဲ စသည့် ကျေးရွာများမှ ဒေသခံများမှာ စက်တင်ဘာလ ၂၉ ရက်တွင် အမ်းမြို့သို့ စစ်ဘေးရှောင်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

မဲတောင်ဗျူဟာ ကျရှုံးပြီးနောက် အမ်းမြို့ခံစစ်ကို ပိုခိုင်မာအောင် ပြင်ဆင်နေ 

Admin 08 Oct 2024

မဲတောင်ဗျူဟာကုန်းကို AA က စက်တင်ဘာ ၂၆ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။

ARSA၊ RSO အန္တရာယ်ကို အထူးဂရုစိုက်ကြရန် AA သတိပေး

Admin 08 Oct 2024

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရကျေးရွာအနီးတွင် RSO အဖွဲ့နှင့် AA တို့ ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

တောင်ကုတ် တန်းလွဲရွာမမြို့ ဗုံးကြဲခံရ၊ အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရ

Admin 08 Oct 2024

တန်းလွဲရာမမြို့တွင် တောင်ကုတ်မြို့မှ ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံနေသူ ရာနှင့်ချီရှိနေသည်။ ရွာမမြို့ကို လေကြောင်းဗုံးကြမှု ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက် သေဆုံးမှုမှာလည်း အများအပြားရှိလာနေသည်။ 

ပန်းနီလာဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် 

Admin 08 Oct 2024

ပန်းနီလာစာသင်ကျောင်းတွင် ယာယီဖွင့်လှစ်ထားသည့် ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်စဉ် ဆေးရုံအနီးတွင် ကျရောက်ပေါက်ကွဲကာ အဆောက်အုံအချို့ ပျက်စီးသွားကြောင်း သိရသည်။

နပခ ခံတပ် မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက် 

Admin 08 Oct 2024

မဲတောင်ဗျူဟာကုန်းနှင့် ဆက်စပ်စခန်းကုန်းအားလုံးကို ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ခဲ့ပြီးနောက်  စက်တင်ဘာ ၂၆ ရက်မှစ၍ ဗျူဟာကုန်းရှိ စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ကာ အောက်တိုဘာ ၇ ရက်တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

လေကြောင်းပစ်ခတ်မှုကြောင့် မောင်တောဒေသခံ ၅ ဦး ထိခိုက် သေဆုံး

Admin 08 Oct 2024

မောင်တောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများနေထိုင်ရာကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်အဆောက်အအုံ မီးလောင်ပျက်စီးမှုများ ရှိနေသည်။ 

စစ်တွေမြို့အဝင် ပတ်ပတ်လည်တွင် စစ်ကောင်စီက ကတုတ်ကျင်းများတူးကာ အင်အားတိုးချဲ့ 

Admin 07 Oct 2024

ပါဒလိတ်ရွာမှ ဒကစရုံးချုပ်ထိ၊ ရေချမ်းပြင်ဆိပ်ကမ်းမှ ဗန္ဓုလလမ်းဆုံထိ၊ ရွှေမင်းဂံဆိပ်ကမ်းမှ ကျေးတောအထိ စသည့် မြို့အဝင်လမ်းများတလျှောက်တွင် ကတုတ်ကျင်းများတူးပြီး ခံတပ်အခိုင်အမာ ပြုလုပ်ထားသည်။

ရခိုင်ဒေသတွင် စားဝတ်နေရေးကျပ်တည်းမှုကြောင့် တောင်းရမ်းစားသောက်သူ များလာ 

Admin 07 Oct 2024

ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များတွင် တောင်းရမ်းစားသောက်သူများ တိုးလာနေပြီး ယင်းအထဲ ပုဏ္ဏားကျွန်းမြို့နယ်တွင် အများဆုံးဖြစ်သည်။ တောင်းရမ်းသူအများစုမှာ စစ်ဘေးရှောင်များ ဖြစ်သည်။

ဖမ်းဆီးခံ တောင်ကုတ်ဒေသခံများ မိသားစုနှင့် အဆက်အသွယ် မရ

Admin 07 Oct 2024

တောင်ကုတ်မြို့ရှိ တက္ကသိုလ်၊ ကြိုးကြာကွင်း၊ ဖုံညိုလိပ်၊ ရေကြောင်းဆိပ်ကမ်း စသည့် မြို့ဝင် စစ်ဆေးရေးဂိတ်များတွင် ဒေသခံများအား ဖမ်းဆီးစစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ 

ARSA တိုက်ခိုက်မှုကြောင့် မောင်တောဒေသခံ အမျိုးသမီးတစ်ဦး သေဆုံး၊ လေးဦးဒဏ်ရာရ

Admin 07 Oct 2024

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုမြို့ကနေ ကုန်ပစ္စည်းများဝယ်၍ ပြန်လာသည့် ဒေသခံ ၇ ဦးမှာ မီးတိုက်ကျေးရွာအနီးတွင် ARSA အဖွဲ့၏ တိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လားရှိုးကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေကြောင်း စစ်ရေးအကဲခတ်များ သုံးသပ်

Admin 05 Oct 2024

မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ရောက်လာပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် ဩဂုတ်လကုန်ပိုင်းမှစ၍ စစ်ကောင်စီသည် လားရှိုးမြို့ကို လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်နေသည်။

ကျောက်ဖြူတွင် ငါးဖမ်းခွင့်ပိတ်ထားသော်လည်း သင်္ဘောကြီးများ ငါးဖမ်းခွင့်ရနေ

Admin 05 Oct 2024

မင်းပြင်ကျေးရွာကမ်းခြေနှင့် ၁၀ မိုင်ခန့်အကွာ၌ ပြည်မဘက်မှ ဝင်ရောက်လာသည့် ငါးဖမ်းသင်္ဘောကြီးများက ကင်းလှည့်နေသည့် စစ်ကောင်စီနေဗီကို ငွေပေးကာ ငါးဖမ်းခွင့်ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ  

Admin 05 Oct 2024

ပြီးခဲ့သည့် စက်တင်ဘာအအတွင်း မိုးရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ဖုံသာချောင်းဒေရှိ ကျေးရွာပေါင်း ၁၃ ရွာမှ နေအိမ် ၂၀၀ ကျော် ပျက်စီးသွားပြီး ဒေသခံ ၁,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရသည်။

Showing 1-20 of 7,976 items.