မြောက်ကိုရီးယား၏ ရန်စမှုများအား ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော သတိပေး
07 Jul 2022
မြောက်ကိုရီးယား၏ရန်စမှုများ ရှိလာလျှင် “မဆိုင်းမတွ ပြင်းပြင်းထန်ထန်” လက်တုံ့ပြန်ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောက ဇူလိုင် ၆ ရက်နေ့တွင် စစ်တပ်အား အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ မြောက်ကိုရီးယားက ငါးနှစ်တာအတွင်း ၎င်း၏ ပထမဆုံးနျူကလီးယားစမ်းသပ်မှုကို ပြုလုပ်လာနိုင်သည်ဟူသည့် စိုးရိမ်မှုများ ရှိနေချိန်၌ ယခုကဲ့သို့ သမ္မတက ညွှန်ကြားလိုက်ခြင်းလည်း ဖြစ်သည်။