အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမည်
10 Jul 2022
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် အင်္ဂါနေ့တွင် တွေ့ဆုံရန်ရှိနေပြီး အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။