ဖိလစ်ပိုင်တွင် ကိုဗစ် ကူးစက်မှု ၁ သန်းကျော်ပြီ

26 Apr 2021

အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု စုစုပေါင်း တစ်သန်းကျော်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ကိုဗစ်ကပ်ဘေး ရင်ဆိုင်နေရသော်လည်း ကမ္ဘာတစ်ဝန်း စစ်အသုံးစရိတ် မြင့်တက်ခဲ့

26 Apr 2021

ကိုဗစ်-၁၉ ကပ်ဘေးကြီးကြောင့် စီးပွားရေး ကျဆင်းသည့်ဒဏ်ကို ရင်ဆိုင်နေရသော်လည်း ကမ္ဘာ့နိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်သည် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံနီးပါး မြင့်တက်ခဲ့ကြောင်း သုတေသီများက ဧပြီလ ၂၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

အာဆီယံကိုယ်စားလှယ် လာရောက်မည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကန့်ကွက်ဟု စင်္ကာပူဝန်ကြီးချုပ် ပြော

26 Apr 2021

မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား ကူညီဖြေရှင်းပေးရန် အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်မည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကန့်ကွက်ခဲ့ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စီအန်အေ သတင်းဌာနသို့ ဖြေကြားသည်။

အာဆီယံခေါင်းဆောင်များ ဂျာကာတာတွင် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

25 Apr 2021

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းအတွက် အဖြေတစ်ရပ် ရရှိရန် အာဆီယံခေါင်းဆောင်များသည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ စနေနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

မြန်မာအတွက် ပျော့ပျောင်းညင်သာသည့် ချဉ်းကပ်မှုတစ်ရပ် အာဆီယံအစည်းအဝေးက ပေးနိုင်မည်ဟု တရုတ်မျှော်လင့်

23 Apr 2021

စနေနေ့ကျင်းပမည့် မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေးတွင် ပျော့ပျောင်းညင်သာသည့် လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်လိမ့်မည်ဟု တရုတ်အစိုးရက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

စစ်တပ်၏နှိမ်နင်းမှုကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူ ၂ သိန်းခွဲခန့်ရှိဟု ကုလအထူးသံတမန် ပြော

23 Apr 2021

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး ဆန္ဒထုတ်ဖော် လှုပ်ရှားသူများအား စစ်တပ်၏ နှိမ်နင်းမှုကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူ ၂ သိန်းခွဲနီးပါး ရှိကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် တွမ်အင်ဒရူးက ဧပြီလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာ့အရေး အာဆီယံဆွေးနွေးပွဲသို့ ဖိလစ်ပိုင်သမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ မတက်

23 Apr 2021

ဂျာကာတာတွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေး ဆွေးနွေးပွဲသို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး တက်ရောက်မည်မဟုတ်ကြောင်း သမ္မတပြောခွင့်ရက ဧပြီ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

လာမည့် ၃/၄ လအတွင်း မြန်မာလူထု ၃ သန်းခွဲအထိ အငတ်ဘေး ကြုံရဖွယ်ရှိဟု ကုလပြော

22 Apr 2021

မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာများနှင့်အတူ ငွေကြေးအကျပ်အတည်းများ ပိုမိုဆိုးဝါးလားမှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများ မြင့်တက်လာနေပြီး မြန်မာလူထု သန်းနှင့်ချီ အငတ်ဘေးရင်ဆိုင်ရဖွယ် ရှိနေကြောင်း ကုလသမဂ္ဂက ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး အာရှ၏အခန်းကဏ္ဍ အထူးအရေးပါသည်ဟု ကုလအတွင်းရေးမှူးချုပ် ပြော

Foreign Desk 22 Apr 2021

မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းရေးအဖြေတစ်ရပ် ထွက်လာအောင် အားထုတ်ကူညီကြရန် အာရှခေါင်းဆောင်များအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။

သတင်းထောက် ယုကိ ကိတဇုမိအား ပြန်လွှတ်ပေးရန် ဂျပန်သတင်းထောက်များ တောင်းဆို

Foreign Desk 21 Apr 2021

ရန်ကုန်တွင် ဖမ်းဆီးခံရသည့် ဂျပန်သတင်းထောက် ယုကိ ကိတဇုမိကို ပြန်လွှတ်ပေးရန် ဂျပန်သတင်းထောက်များက မြန်မာအာဏာပိုင်များအား ဧပြီလ ၂၀ ရက်နေ့တွင် စုပေါင်းတောင်းဆိုလိုက်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁၀ ဦးအား ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူ

Foreign Desk 20 Apr 2021

မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁၀ ဦးနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုအား ဒဏ်ခတ်အရေးယူသည့် စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က ဧပြီလ ၁၉ ရက်နေ့တွင် ကြေညာလိုက်သည်။

ဆီးရီးယားကဲ့သို့ ဖြစ်သွားနိုင်သည့် အလားအလာ မြန်မာနိုင်ငံတွင် မြင်နေရ

Foreign Desk 20 Apr 2021

မြန်မာနိုင်ငံတွင် ဆန္ဒဖော်ထုတ်မှုများအား စစ်တပ်က အင်အားသုံးနှိပ်ကွပ်မှုများကြောင့် ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေမျိုးသို့ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဧပြီလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်နှင့် ရုရှားကြောင့် မြန်မာအပေါ် နိုင်ငံတကာက အရေးယူမရ ဖြစ်နေကြောင်း အီးယူ ထိပ်တန်းသံတမန်ပြော

Foreign Desk 20 Apr 2021

ရုရှားနှင့် တရုတ်နိုင်ငံတို့က ဟန့်တားနေသဖြင့် မြန်မာစစ်တပ်အား နိုင်ငံတကာက တညီတညွတ်တည်း အရေးယူ၍ မရ ဖြစ်နေကြောင်း ဥရောပသမဂ္ဂ(အီးယူ)၏ ထိပ်တန်းသံတမန်တစ်ဦးက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ပါက အီးယူအနေဖြင့် စီးပွားရေးအကျိုးအမြတ်များ ပိုမိုကမ်းလှမ်းပေးနိုင်ကြောင်းလည်း သူက ပြောကြားသည်။

မြန်မာစစ်တပ်ကို လက်နက်မရောင်းရန်နှင့် ထိရောက်စွာ အရေးယူရန် အမေရိကန် တိုက်တွန်း

Foreign Desk 19 Apr 2021

မြန်မာစစ်တပ်အား လက်နက်ရောင်းချမှု တားမြစ်ခြင်း၊ စစ်တပ်အတွက် အကျိုးအမြတ်များ ရှာဖွေပေးနေသော ကုမ္ပဏီများအား ဒဏ်ခတ်အရေးယူခြင်း အပါအဝင် ထိရောက်စွာ အရေးယူမှုများ လုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က သောကြာနေ့တွင် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အာရှနိုင်ငံများသို့ ခရီးထွက်မည်

Foreign Desk 09 Apr 2021

မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုကြောင့် သေဆုံးသူ ၆၀၀ ကျော်လာသည့်အချိန်၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အာရှနိုင်ငံများသို့ အလတ်အပတ် ခရီး စတင်ပြီး မြန်မာ့အရေး ဆွေးနွေးရန် စီစဉ်နေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယတွင် တစ်ရက်တည်း၌ ကိုဗစ်ကူးစက်မှု ၁ သိန်းကျော် တွေ့ရှိ

Foreign Desk 09 Apr 2021

အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း စံချိန်တင်ကူးစက်နှုန်း အမြင့်ဆုံးအဖြစ် ကိုဗစ်ကူးစက်မှု တစ်သိန်းကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဧပြီလ ၅ ရက်နေ့က ၂၄ နာရီစာ စစ်ဆေးမှုစုစုပေါင်းကို စာရင်းချုပ်ရာ၌ ကူးစက်မှု ၁၀၃၅၅၈ ခုအထိ ရှိနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများ ပြည်တွင်းစစ်ဖြစ်အောင် တွန်းပို့နေဟု ရုရှားဆို

Foreign Desk 07 Apr 2021

မြန်မာအာဏာပိုင်များအား ဒဏ်ခတ်အရေးယူခြင်းသည် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်သာဖြစ်ပြီး အလွန်အန္တရာယ်များကြောင်း ရုရှားက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ဒဏ်ခတ်အရေးယူမှုများသည် နိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်အောင် တွန်းပို့လျက်ရှိကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားကြောင်း Interfax သတင်းဌာနက ဖော်ပြသည်။

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံး ဒဏ်ခတ်အရေးယူမည်

07 Apr 2021

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ရန် ဥရောပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအားလုံး စုပေါင်းပြင်ဆင်နေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပါရီမြို့တွင် ပြောကြားလိုက်သည်။

အင်ဒိုနီးရှားနှင့် အရှေ့တီမောတွင် ရေကြီးမှုကြောင့် လူ ၇၅ ဦးထက်မနည်း သေဆုံး

06 Apr 2021

အင်ဒိုနီးရှားနှင့် အိမ်နီးချင်း အရှေ့တီမောတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် လူပေါင်း ၇၅ ဦးကျော် သေဆုံးခဲ့ပြီး ဒါဇင်များစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားသည်။

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်ဟု ဘရူနိုင်း ဆို

06 Apr 2021

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အပြောင်းအလဲများနှင့် ပတ်သက်၍ ဂျာကာတာတွင် အစည်းအရေးတစ်ရပ် ကျင်းပရန် တောင်ဆိုထားကြောင်း အာဆီယံဥက္ကဌ ဘရူနိုင်းနိုင်ငံ၏ဘုရင် ဆူလ်တန် ဟာဆာနယ်ဘိုကီးယားက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

Showing 1,241-1,260 of 1,652 items.