ရှစ်လအတွင်း နိုင်ငံတဝန်းတွင် တိုက်ပွဲပေါင်း ၅,၀၀၀ ကျော် ဖြစ်ပွား

Admin 25 Sep 2024

တိုက်ပွဲရှစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇,၂၈၁ ဦးသေဆုံးပြီး ၃,၈၀၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ တော်လှန်ရေး အင်အားစုဖက်ကလည်း တပ်ဖွဲ့ဝင် ၅၈၃ ဦး သေဆုံးပြီး ၄၄၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တို့ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာ

Admin 25 Sep 2024

နယ်စပ်ဒေသက AA ၏ လုံခြုံရေးစခန်းငယ်များကို ARSA အဖွဲ့က လာရောက်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲဖြစ်ရခြင်းဟု သတင်းရင်းမြစ်များက ပြောသည်။

ရခိုင်တောင်သူများ ဆောင်းသီးနှံစိုက်ရန် မျိုးစေ့နှင့် သွင်းအားစုစရိတ် လိုအပ်နေ

Admin 25 Sep 2024

ပြီးခဲ့သည့်နှစ်က ဆောင်းသီးနှံစိုက်ပျိုးမှု လျော့နည်းခဲ့၍ ယခုနှစ်အတွက် မျိုးစေ့ရှာမရခြင်း၊ စိုက်ပျိုးမြေအတွင်း မိုင်းအန္တရာယ်နှင့် လုပ်သားရှားပါးမှုတို့ကြောင့် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရန် များစွာခက်ခဲနေကြသည်။ 

ရခိုင်တောင်ပိုင်းက စစ်ကောင်စီ နောက်ဆုံးခံတပ် 

Admin 25 Sep 2024

ရခိုင်ပင်လယ်ပြင်တွင် စစ်ကောင်စီ အဓိကအားထားရသည့် မောင်ရွှေလေးရေတပ်စခန်းမှာ ကျဆုံးပြီးနောက် မာန်အောင်ကျွန်းတွင် စစ်အင်အား ပိုမိုဖြည့်တင်းလာသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များက ပြောသည်။

တောင်ကုတ်တွင် စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကလေးအပါအဝင် ၅ ဦး ထိခိုက်သေဆုံး

Admin 25 Sep 2024

စက်တင်ဘာ ၂၄ ရက် ညအချိန်တွင် ဂျက်တိုက်လေယာဉ်ပေါ်မှ ကြဲချလိုက်သောဗုံးမှာ ရွာသစ်ဈေး၊ ရွှေပြည်သာဆိပ်ကမ်းနှင့် ရဲစခန်းအနီးတို့တွင် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

AA အပါအဝင် နယ်စပ်က တပ်ဖွဲ့များနှင့် တွေ့ရန် အိန္ဒိယကမ်းလှမ်းမှု နိုင်ငံရေးအကဲခတ်များအမြင်

Admin 24 Sep 2024

“ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖက်ဒရယ်စနစ်” ခေါင်းစဉ်ဖြင့် အဓိကဆွေးနွေးကြမည့် အဆိုပါဆွေးနွေးပွဲသို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားခြင်း ရှိ၊မရှိ ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာ 

Admin 24 Sep 2024

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ပြန်လည်ရရှိရန်အတွက် လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်လုပ်လာကြောင်း နိုင်ငံတကာမြန်မာ့သတင်း - BNI အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ရခိုင်ဒေသသို့ ယစ်မျိုးကုန် တင်သွင်းခွင့် AA ပိတ်ပင်တာ ဘာကြောင့်လဲ 

Admin 24 Sep 2024

တင်သွင်းပြီးဖြစ်သည့် လက်ကျန် အရက်၊ ဘီယာများကိုလည်း သုံးလအတွင်း အပြီးသတ် ရောင်းချရမည်ဖြစ်ပြီး အဆိုပါယစ်မျိုးကုန်များကို ထပ်မံတင်သွင်းပါက ထိရောက်စွာ အရေးယူသွားမည်ဟု AA ဆိုထားသည်။ 

စစ်ကြောရေးတွင် နှိပ်စက်ခံရမှုဒဏ်ကြောင့် ဗျိုင်းဖြူရွာသားတစ်ဦး သေဆုံးပြန်

Admin 24 Sep 2024

အသက် (၂၈) နှစ်အရွယ် ကိုအပိန်ချေမှာ ပြီးခဲ့သည့် မေလအတွင်း ဖမ်းဆီးခံခဲ့ရပြီး ဇူလိုင်လတွင် ပြန်လွတ်မြောက်လာပြီးနောက် စစ်တွေဆေးရုံတွင် ၂ လခန့်ကြာ ဆေးကုသမှုခံယူခဲ့သည်။ 

မာန်အောင်တွင် ဆေးဝါးပြတ်လပ်နေ၍ နာတာရှည် ရောဂါသည်များ ဒုက္ခရောက်

Admin 23 Sep 2024

ယခင်က ဆေးဝါးများကို အကန့်အသတ်နှင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သယ်ယူခွင့်ရခဲ့သော်လည်း ယခုအခါ  ဆေးဝါးသယ်ယူခွင့်ကို လုံးဝပိတ်ဆို့ကာ စစ်ဆေးမှုများ ပိုပြီးလုပ်နေသည်။

AA ထိန်းချုပ်ပြီးနောက် ဝမ်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှု လျော့နည်းသွား 

Admin 23 Sep 2024

ဝမ်ဖိုက်ဒီရေတောသည် အာရှတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်စဉ်က ထင်း၊ မီးသွေး၊ အုတ်ဖုတ်ထင်းအတွက် စက်လှေကြီးများဖြင့် တစ်နေ့လျှင် အစီးရေ ၅ စီးထက်မနည်း သစ်ခုတ်ယူမှုများရှိခဲ့သော်လည်း ယခုအခါ လုံးဝမရှိသလောက် လျော့နည်းသွားသည်။ 

သံတွဲ လေကြောင်းဗုံးကြဲမှု ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

Admin 23 Sep 2024

သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာကို စစ်ကောင်စီက စက်တင်ဘာ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချမှုကြောင့် သုံးဦးသေဆုံးပြီး၊ သုံးဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားသည်။

ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင်တစ်ဦး ရေထဲခုန်ချ အဆုံးစီရင် 

Admin 22 Sep 2024

ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ စစ်ဘေးတိမ်းရှောင်နေသူ အသက် (၂၅) နှစ်ရွယ် ကိုမောင်ကြီးသည် ကုလားတန်မြစ်သို့ ခုန်ချကာ အဆုံးစီရင်သွားခြင်းသည်။

ဆင်တက်မော် ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါကြောင့် ကလေးငယ်များ သေဆုံးမှုရှိနေ 

Admin 21 Sep 2024

လက်ရှိမှာ စခန်းအတွင်း ဝမ်းရောဂါဖြစ်ပွားသူ ၉၀ ကျော်ရှိပြီး ကလေးငယ်နှင့် သက်ကြီးပိုင်း အများဆုံးပါဝင်ကာ ဆေးဝါးအခက်အခဲများရှိနေသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။ 

ရမ်းဗြဲ ပိန္နဲတောင်ကားလမ်း ပျက်စီးနေ၍ ဒေသခံများ အခက်တွေ့

Admin 21 Sep 2024

စက်တင်ဘာလ ဒုတိယအပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုကြောင့် ပိန္နဲတောင် - ရမ်းသစ်ကြီး ကွန်ကရစ်လမ်းမှာ ပြိုကျအက်ကွဲသွား၍ သွာလာရေး အခက်ကြုံနေရခြင်းဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရခိုင်ဆားလုပ်ငန်း အရှုံးပေါ်

Admin 21 Sep 2024

ရခိုင်ဒေသတွင် တိုက်ပွဲဧရိယာ ကျယ်ပြန့်လာမှုနှင့်အတူ မြို့နယ်ချင်းဆက် ကုန်လမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ထားသည့်အတွက် ရခိုင်ပြည်နေရာအနှံ့ကို ဆားမပို့နိုင်သောကြောင့် အရှုံးပေါ်နေရခြင်းဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

စစ်တွေထောင်မှ အကျဉ်းသားများကို ရန်ကုန်သို့ပို့ရန် စီစဉ်နေ 

Admin 20 Sep 2024

စစ်တွေထောင်တွင် နိုင်ငံရေးပုဒ်မအသီးသီးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၀၀ ဦးထက်မနည်းရှိနေပြီး အကျဉ်းသားများကို ရန်ကုန်သို့ပြောင်းရွှေ့ရန် စီစဉ်နေခြင်းနှင့်ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

စစ်ကောင်စီ အန္တရာယ်ကြောင့် သံဇစ်မြစ်က ရေလုပ်သားများ ဘဝရပ်တည်ရေး ခက်ခဲလာ

Admin 20 Sep 2024

ရေလုပ်သားများမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်ကောင်စီ၏ ငွေညှစ်တောင်းခံခြင်း၊ တားမြစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းအပြင် လူကိုဖမ်းဆီး၍ စက်လှေနှင့် ပိုက်ကွန်များကိုပါ သိမ်းဆည်းခံရခြင်း စသည့် အန္တရာယ်မျိုးစုံကို ရင်ဆိုင်နေရသည်။

ဘင်္ဂလားဒေ့ရှ်က သက္ကမလူမျိုးများ၏ နေအိမ်နှင့် ဆိုင်ခန်း ၁၀၀ ကျော် မီးရှို့ခံရ

Admin 20 Sep 2024

မီးရှို့မှုများကို တရားမဝင် ခိုးဝင်မွတ်ဆလင်များက ပြုလုပ်ခြင်းဖြစ်ပြီး ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယအခြေစိုက် Rights and Risks Analysis Group (RRAG) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ဖြူမြို့ကို စစ်ကောင်စီ ခြံစည်းရိုးကာ‌နေ

Admin 20 Sep 2024

စစ်ကောင်စီကာရံမည့် ခြံစည်းရိုးမှာ မြစ်ကမ်းစပ်တလျှောက်လုံး ပါနေသောကြောင့် မြို့ပေါ်လူထုကို ပိတ်လှောင်ရန် စီစဉ်မှုလည်းဖြစ်နိုင်ကြောင်း မြို့ခံများက ပြောသည်။

Showing 61-80 of 7,976 items.