ထွန်းကြည် (ကုလဘာ)
15 Oct 2018
အားလုံးဟာဒေသခံလည်းဖြစ် ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခံရသူအုပ်စု၊ ထွက်ခွာချင်သူ အုပ်စု၊နဲ့ လောလောဆယ် ပါတီတွင်းကျစ်လျစ်ခိုင်မာမှု အားနည်းနေသေးတဲ့ ပါတီ တွေရဲ့ပြိုင်ဆိုင်မှုဟာ ဒေသခံ နိုင်ငံရေးကို နားမလည်တဲ့ပြည်သူ များအတွက်တော့ အတော်ကိုအရွေးရခက်မဲ့သဘောမှာရှိပါတယ်။ သေဆုံးသူ ဦးဖိုးမင်းရဲ့မျက်နှာ၊ ရခိုင်အမျိုးသားပါတီရဲ့ ဂုဏ်ကိုထပ်ဖေါ်မလား? လူထုအပေါ်သြဇာကြီးမားတဲ့ ဒေါက်တာအေးမောင် ရဲ့မျက်နှာကိုထောက်ပြီး သူ့သားကိုရွေးချယ်လိုက်ခြင်းဖြင့် ဒေါက်တာအေးမောင်ရဲ့ ဂုဏ်ကိုဖေါ်ထုတ်ကြမလား? အစဉ်အလာကြီးမားခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပူပူနွေးနွးအကဲစမ်းကြမလား? နိုင်ငံတော်အဆင့် အစိုးရဖွဲ့ထားနိုင်တဲ့ပါတီကို ရွေးချယ်ပြီး ဖွံ့ဖြိုးရေးကိုတည်ဆောက်ကြမလား၊ ဆိုတာ မကြာခင်ကာလမှာ မြင်တွေ့လာကြရတော့မယ့်အခြေအေနေဖြစ်ပါတယ်။