ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ဖုန်းဆင်းကဒ်များ တရားဝင် အသုံးပြုခွင့်ပေးရန် ယူနွတ်အစိုးရ စီစဉ်နေ

Admin 13 Aug 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသူများ မိုဘိုင်းဖုန်းဆင်းကဒ် တရားဝင် ဝယ်ယူ အသုံးပြုခွင့် ရရှိရေးအတွက် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့က ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

AA တပ်ဖွဲ့ဝင်တစ်ဦး သေနတ်နှင့်အတူ လက်နက်ချလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ထုတ်ပြန်

Admin 12 Aug 2025

အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်တစ်ဦးသည် ကော့ဘဇားခရိုင်၊ အူခီးယာဒေသ၊ ဘာလုခါလီနယ်စပ်တွင် သြဂုတ်လ ၁၁ ရက်နေ့က လက်နက်ခဲယမ်း အပြည့်အစုံနှင့် လက်နက်ချလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ပြောကြားလိုက်သည်။

ထိုင်းဂယ်လာရီတွင် ပြသထားသည့် တရုတ်နှင့် ဆက်စပ်သော အနုပညာလက်ရာများ ဖယ်ရှားခံရ

Admin 09 Aug 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Bangkok Arts and Cultural Centre ဂယ်လာရီတွင် ကျင်းပနေသည့် ပြပွဲတစ်ခုအတွင်း ပြသထားသည့် အနုပညာ လက်ရာများအနက် တရုတ်အစိုးရ၏ ဟောင်ကောင်အပါအဝင် တိုင်းရင်းသား လူနည်းစုများအပေါ် ဖိနှိပ်မှုကို ထပ်ဟပ်သည့် လက်ရာများကို ဘေဂျင်း၏ ဖိအားပေးမှုကြောင်း ဖြုတ်ချခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဆီယံကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာတွင် မြန်မာသို့လာပြီး ရွေးကောက်ပွဲ အစီအစဉ်များ လေ့လာမည်

Admin 09 Aug 2025

မလေးရှားဦးဆောင်သည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့သည် လာမည့် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က သြဂုတ်လ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာစုံတွဲကို ရိုက်နှက်တိုက်ခိုက်သွားသူ လေးဦးအား ထိုင်းရဲတပ်ဖွဲ့ ရှာဖွေ

Admin 04 Aug 2025

ထိုင်းနိုင်ငံ ရက်ချာဘူရီခရိုင်တွင် မြန်မာစုံတွဲတစ်တွဲကို တိုက်ခိုက်သွားသူ လေးဦးအား ထိုင်းရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေကြောင်း Khaosod သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ စစ်ကောင်စီ၏ မဟာမိတ်များကို ပယ်ဖျက်ခြင်းသည် လွန်ကဲသည့် လုပ်ရပ်ဟု ကုလကိုယ်စားလှယ်ပြော

Admin 01 Aug 2025

မြန်မာစစ်ကောင်စီ၏ မဟာမိတ်များ၊ စစ်ရေးနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများကို အမေရိကန်က ဒဏ်ခတ်အရေးယူမှု စာရင်းမှ ဖယ်ရှားလိုက်ခြင်းသည် 'လွန်လွန်ကဲကဲလုပ်ရပ်' ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောကြားလိုက်သည်။

အိန္ဒိယ မီဇိုရမ်မှာ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များ စတင်ကောက်ယူ

Admin 31 Jul 2025

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ဆယ်ချစ်(Serchhip) မြို့၌ အာဏာပိုင်များသည် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်၍ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များကို စတင်ကောက်ယူနေပြီဖြစ်ကြောင်း Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်

Admin 31 Jul 2025

တရုတ်ကြေးစားစစ်သား ၂၅ ဦးကို တင်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်း၌ မြန်မာ့ကမ်းလွန်ရှိ ရမ်းဗြဲကျွန်းသို့ ရောက်ရှိလာခဲ့သည်။ ဗြောင်းဆန်နေသည့် တိုက်ပွဲဧရိယာအလယ်သို့ ၎င်းတို့ ရောက်ရှိလာခြင်းသည် မြန်မာနိုင်ငံတစ်ခွင်၌ တရုတ်သြဇာ ကြီးထွားလာခြင်း၏ ပုံရိပ်တစ်ခုလည်း ဖြစ်သည်။

မြန်မာ့မြေရှားသတ္တု ဝယ်ယူရေး အဆိုပြုချက်များ ထရမ့်အစိုးရ လေ့လာ

Admin 29 Jul 2025

သမ္မတထရမ့် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုများ ဝယ်ယူရေးအတွက် အဆိုပြုလွှာများကို ကြားနာမှုများ ပြုလုပ်နေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဇူလိုင်လ ၂၉ ရက်နေ့၌ ဖော်ပြထားသည်။

နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို

Admin 18 Jul 2025

ထိုင်းနိုင်ငံရှိ ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မြန်မာဒုက္ခသည်များအား ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် ထိုင်းနိုင်ငံရှိ အရပ်ဘက်ကွန်ရက်တစ်ခုက ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေး အောက်လွှတ်တော်ကော်မတီ ဥက္ကဌထံ တင်ပြတောင်းဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ

Admin 18 Jul 2025

၂ နှစ်နီးပါးကြာ ရပ်ဆိုင်းထားခဲ့သော မြန်မာနိုင်ငံရှိ ဝပြည်နယ်မှ သံဖြူသတ္တုတင်ပို့မှုများကို လာမည့်လများအတွင်း ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာ သံဖြူသတ္တုအဖွဲ့အစည်း၏ ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံး ထုတ်လုပ်မှုအတွက် တရုတ်ကုမ္ပဏီများ အဓိက ကူညီနေကြောင်း SAC-M ထုတ်ပြန်

Admin 18 Jul 2025

မြန်မာလေတပ်သည် အရပ်သားများအပေါ် အဆင်ခြင်မဲ့ လေကြောင်းဗုံးကြဲမှုများ၌ တရုတ်အကူအညီဖြင့် ထုတ်လုပ်သည့် ဗုံးများကို အဓိကအသုံးပြုနေခြင်း ဖြစ်ကြောင်း မြန်မာ့အရေး အထူးအကြံပေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး

Admin 15 Jul 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ တက္ကနာကုန်ဆိပ်မှတစ်ဆင့် ကုန်စည် ပို့ဆောင်မှုများ ရပ်တန့်နေသည့်အတွက် ဆိပ်ကမ်းဧရိယာရှိ သိုလှောင်ကုန်များ ပျက်စီးမှုနှင့် ကြုံနေရကြောင်း BDNews သတင်းဆောင်းပါးတစ်ရပ်တွင် ဖော်ပြထားသည်။

အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား

Admin 14 Jul 2025

စစ်ကိုင်းတိုင်းအတွင်းရှိ မိမိတို့၏ ဌာနချုပ်ကို အိန္ဒိယစစ်တပ်က ဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့်အတွက် မိမိတို့၏ ထိပ်တန်းခေါင်းဆောင် သုံးဦး သေဆုံးခဲ့ကြောင်း အာသံလွတ်မြောက်ရေးတပ်ဦး (ULFA) က ပြောကြားလိုက်သည်။

ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ

Admin 12 Jul 2025

ရခိုင်တွင် ပစ်မှတ်ထား အကြမ်းဖက်မှုများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေသည့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ခိုလှုံသည့် ဒုက္ခသည်အရေအတွက်သည် ထောင်ပေါင်းစွာရှိနေသည်ဟု ဘာလော့ချ်က ပြောသည်။

မြန်မာ့ရွေးကောက်ပွဲ နံပါတ်တစ် ဦးစားပေးရမည့်အရာ မဟုတ်ဟု အာဆီယံ ပြော

Admin 11 Jul 2025

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရေးသည် ဦးစားပေး လုပ်ဆောင်ရမည့်အရာ မဟုတ်ကြောင်း အာဆီယံအဖွဲ့ကြီး၏ အစည်းအဝေးတွင် သဘောတူခဲ့ကြသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နေ ရခိုင်လူမျိုးများ၏ သုဿာန်မြေများ ကျူးကျော်ခံရပြီး ကျဉ်းမြောင်းလာနေ

Admin 11 Jul 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းက ဌာနေရခိုင်လူမျိုးတွေရဲ့ ရုပ်အလောင်းတွေကို မီးသင်္ဂြိုလ်တဲ့ သုဿာန်မြေနေရာတွေဟာ ကျဉ်းသထက်ကျဉ်းမြောင်းလာနေပါတယ်။

 

ဗန်းမော်ထိုးစစ် မရပ်လျှင် မြေရှားသတ္တု မဝယ်ဘဲထားမည်ဟု KIA ကို တရုတ်ခြိမ်းခြောက်

Admin 08 Jul 2025

ဗန်းမော်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် KIA ၏ ထိုးစစ်များကို မရပ်ပါက KIA ထိန်းချုပ်နယ်မြေများမှ မြေရှားသတ္တု ဝယ်ယူမှုကို ရပ်ဆိုင်းမည်ဟု တရုတ်က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူ သုံးဦးကို ကိုးကားပြီး ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်မှ တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ တိမ်းရှောင်သူ ၄၀၀၀ ခန့်ရှိ

Admin 08 Jul 2025

ပြီးခဲ့သော လေးရက်အတွင်း ချင်းလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ ဝင်ရောက်တိမ်းရှောင်သူ အရေအတွက်သည် ၄၀၀၀ နီးပါးအထိ ရှိကြောင်း အိန္ဒိယအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့ပို့ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံမည်ဟု ထရမ့်အစိုးရ အကြောင်းကြား

Admin 08 Jul 2025

မြန်မာနိုင်ငံမှ ပို့ကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံမည်ဟု အမေရိကန်အစိုးရက အသိပေးထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Showing 1-20 of 457 items.